DVB Logo
Home
မြန်မာသတင်း
မြဝတီတောင်ဘက် စုကလိစစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်
DVB
·
June 18, 2024
မြဝတီတောင်ဘက် စုကလိစစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီတောင်ဘက်မှာ တည်ရှိနေတဲ့ စုကလိစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)က ဦးစီးတဲ့ ပူးပေါင်းတပ်တွေက  ဇွန် ၁၈ ရက် ဒီနေ့မနက် အပြီးပိုင် သိမ်းပိုက်ရရှိခဲ့တယ်လို့  KNLA စစ်ဦးစီးတပ်ဖွဲ့ဝင်က ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို လွန်ခဲ့တဲ့ ၇ ရက်လောက်ကတည်းက KNLA ပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ရာနဲ့ချီပြီး စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့တာပါ။

ဇွန် ၁၆ ရက်နဲ့ ၁၇ ရက် ၂ ရက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေ ခံစစ်အားနည်းမှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့်  ဇွန် ၁၇ ရက် ည ၉ နာရီလောက်မှာ စုကလိစခန်းကနေ အပြီးပိုင် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ဆုတ်ခွာသွားတဲ့ စစ်ကောင်စီ စုကလိစခန်းကိုတော့ KNLA တပ်တွေက စခန်းရှင်းလင်း ဆောင်ရွက်ခဲ့ရာမှာ စခန်းတွင်း ကျန်ရှိနေတဲ့ လက်နက်ငယ်တချို့နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိပါတယ်။

စခန်းမှထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တပ်သားတွေကိုလည်း လမ်းခရီးမှာ KNLA တပ်ဖွဲ့တွေက ဝိုင်းထားပြီး လက်နက်ချကြဖို့နဲ့  KNLA ဘက်က တိုက်တွန်းထားပါတယ်။

ကရင်ပြည်နယ် တပ်မဟာ (၆) ဒေသရှိ စစ်ကောင်စီတပ်စခန်းတွေကို KNLA တပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကူစေလွှတ်ထားတဲ့ အောင်ဇေယျ စစ်ကြောင်းကတော့ ကော့ကရိတ်-မြဝတီအာရှလမ်းမှာပဲ  ရပ်တန့်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013