Home
အားကစား
ဘရိုက်တန်နည်းပြသစ်ဟာဇယ်လာ ပရီးမီးယားလိဂ် အသက်အငယ်ဆုံးနည်းပြဖြစ်လာ
DVB
·
June 18, 2024
Photo -REUTERS

ဘရိုက်တန်အသင်းက ခေါ်ယူခန့်အပ်လိုက်တဲ့ နည်းပြဖေဘီယန်ဟာဇယ်လာ ဟာ ပရီးမီးယား လိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ နည်းပြ ဒီဇာဘီနဲ့ လမ်းခွဲခဲ့ပြီးနောက် အသက် ၃၁ နှစ်သာရှိသေးတဲ့ ဂျာမန်နည်းပြ ဟာဇယ်လာကို သုံးနှစ် စာချုပ်နဲ့ခေါ်ယူခန့်အပ်ခဲ့တာပါ။

ပရီးမီးယားလိဂ်သမိုင်းမှာ ခရစ္စကိုးလ်မန်းက အသက် ၃၂ နှစ်အရွယ်နဲ့ ဖူဟမ်အသင်းနည်းပြတာဝန်ကို ၂၀၀၃ ခုနှစ်က ရယူခဲ့ဖူးတာပါ။

ဘေဖီယန်ဟာဇယ်လာဟာ ဂျာမန်ကလပ် စိန့်ပေါ်လီအသင်းကို လိဂ် ၂ ချန်ပီယံဆုဖလားရယူပေးခဲ့ပြီး ဘွန်ဒက်စ်လီဂါဆီ တန်းတက်ခွင့်ရရှိ အောင်စွမ်းဆောင်နိုင်ခဲ့သူပါ။

ပရီးမီးယားလိဂ်သမိုင်းမှာ ယာယီနည်းပြအနေနဲ့  အသက် ၂၉ နှစ်နဲ့ ရိုင်ယန်မာဆန်က စပါးအသင်းကို တာဝန်ယူခဲ့ဖူးပေမဲ့ အမြဲတမ်းနည်းပြချုပ် အနေနဲ့  ဟာဇယ်လာက အသက်အငယ်ဆုံးနည်းပြဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဟာဇယ်လာဟာ ကစားသမား ဘဝတုန်းက ဘိုင်ယန်နဲ့ ဟော့ဖမ်ဟိမ် အရန်အသင်းတွေမှာ ပါဝင်ကစားခဲ့တာကလွဲရင် အောက်တန်းလိဂ်တွေမှာပဲ ကစားခဲ့ဖူးသူဖြစ်ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024