DVB Logo
Home
အားကစား
၁၃ နှစ်အရွယ် အမေရိကန်လူငယ် အသက်အငယ်ဆုံးပရိုဘောလုံးသမားအဖြစ် မှတ်တမ်းတင်
DVB
·
October 3, 2023
၁၃ နှစ်အရွယ် အမေရိကန်လူငယ် အသက်အငယ်ဆုံးပရိုဘောလုံးသမားအဖြစ် မှတ်တမ်းတင်
Donate to DVB

အသက် ၁၃ နှစ်ပဲရှိသေးတဲ့ အမေရိကန်လူငယ်ကစားသမား ဒါဗီယန်ကင်ဘရော့ဂျ်ဟာ မိခင်ကလပ်အတွက် လူစားဝင်ကစားပြီး အသက်အငယ်ဆုံး ပရိုဘောလုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အမေရိကန် USL ချန်ပီယံရှစ်ပြိုင်ပွဲမှာ အသက် ၁၃ နှစ်၊  ၇ လနဲ့ ၁၃ ရက် သာရှိသေးတဲ့ ဆက်ခရွန်မန်တိုကစားသမား ကင်ဘရော့ဂျ်ဟာ ပွဲချိန် ၈၇ မိနစ်မှာ လူစားဝင် ကစားပြီး အသက်အငယ်ဆုံးပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့တာပါ။

ဆယ်ကျော်သက်တိုက်စစ်မှူး ကင်ဘရော့ဂျ်ဟာ အသက် ၁၁ နှစ်အရွယ်က ယူ ၁၃ အသင်းမှာကတည်းက ၃၁ ပွဲမှာ ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး စီနီယာအသင်းကြီးမှာ တက်ရောက်ကစားခွင့်ရခဲ့တာပါ။ 

USL လိဂ်ဟာ မေဂျာလိဂ်ပြိုင်ပွဲကအောက်က လိဂ်တစ်ခုဖြစ်ပြီး ပရော်ဖက်ရှင်နယ်လိဂ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ 


Sacramento Republic FC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013