DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်အမှုနှင့် Move Forward ပါတီအမှု ကြားနာမည်၊ ဘုရင်စနစ်စော်ကားမှု စွဲချက်ဖြင့် သက်ဆင် တရားစွဲခံရမည်
DVB
·
June 17, 2024
ထိုင်းဝန်ကြီးချုပ်အမှုနှင့် Move Forward ပါတီအမှု ကြားနာမည်၊ ဘုရင်စနစ်စော်ကားမှု စွဲချက်ဖြင့် သက်ဆင် တရားစွဲခံရမည်
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲခံထားရတဲ့ အစိုးရအဖွဲ့ ခန့်အပ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်  ဆေထာထဝီးဆင်ကို ရာထူးကနေ ထုတ်ပယ်နိုင်မယ့် အမှုကို ဇွန် ၁၈ ရက်မှာ ကြားနာမယ်လို့ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဇွန် ၁၂  ရက်မှာ ပြောခဲ့ပါတယ်။

မေလအတွင်းက တပ်မတော်ကနေ ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် အယောက် ၄၀ ရဲ့ တိုင်ကြားချက်အပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံခဲ့ပြီးနောက် ဆေထာထဝီးဆင်ကို တရားစွဲဆိုခဲ့တာပါ။

ဒီကြားနာမှုဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေးမသေချာမရေရာမှုကို မြင့်တက်စေပြီး ထိလွယ်ရှလွယ် တရားရုံးအမှု ၃ မှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

အလားတူ ထိုင်းနိုင်ငံရဲ့ အင်အားအကြီးဆုံး အတိုက်အခံ Move Forward ပါတီကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေတဲ့အမှုကို ကြားနာဖို့ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဇွန် ၁၈ ရက်မှာပဲ ချိန်းဆိုထားပါသေးတယ်။

ဒါဟာ ထိုင်းနိုင်ငံတွင်း အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးနေပြီး လူကြိုက်များတဲ့ Move Forward ပါတီရဲ့ အာဏာခိုင်မြဲရေးထူထောင်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုအပေါ် နောက်ထပ် ထိုးနှက်ချက်တရပ် ဖြစ်ပါတယ်။

သြဇာကြီးတဲ့ ဘုရင်စနစ်ကို ဝေဖန်မှုကနေ ကာကွယ်ပေးတဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့ Move Forward ပါတီကို ဖျက်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်က တင်သွင်းတဲ့ တိုင်ကြားချက်ကို လက်ခံဖို့ တရားရုံးက သဘောတူခဲ့တာပါ။

ဒီဥပဒေကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လူပေါင်း ၂၆၀ ထက်မနည်း တရားစွဲခံခဲ့ရပါတယ်။

Move Forward ပါတီရဲ့ ဥပဒေကို ပြင်ဆင်မယ့် အစီအစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ဒီတရားရုံးကပဲ ဇန်နဝါရီလတုန်းက စီရင်ချက် ချမှတ်ပါတယ်။

ဘုရင်က နိုင်ငံတော်အကြီးအကဲအဖြစ် အုပ်ချုပ်တဲ့စနစ်ကို ဖြုတ်ချဖို့ ကြိုးပမ်းမှုနဲ့ အတူတူပဲ လို့လည်း ဆိုပါတယ်။ Move Forward ကတော့ စီရင်ချက်ကို ပယ်ချခဲ့ပါတယ်။

Move Forward ပါတီဟာ မနှစ်က ရွေးကောက်ပွဲမှာ အံ့မခန်း အနိုင်ရခဲ့ပေမဲ့ အစိုးရဖွဲ့လို့ မရအောင် တော်ဝင်စစ်တပ်နဲ့ သူတို့ရဲ့ မဟာမိတ် လွှတ်တော်အမတ်တွေက တားမြစ်တာ ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ဩဇာအာဏာကြီးတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လည်း ဘုရင်စနစ်ကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာမယ့်သီတင်းပတ်မှာ တရားဝင် တရားစွဲဆိုခံရတော့မှာပါ။

သြဇာကြီးတဲ့ သူဌေးကြီး သက်ဆင်ရဲ့ ၂၀၁၅ ခုနှစ်တုန်းက ပြည်ပမီဒီယာတွေကို အင်တာဗျူးလုပ်ရာမှာ ပြောခဲ့တဲ့ စကားကို ကိုးကားပြီး ညီမဖြစ်သူ ယဉ်လပ်ရှင်နာဝပ် အစိုးရကို ဖြုတ်ချခဲ့တဲ့ တော်ဝင်ဝါဒီ စစ်တပ်က တိုင်ကြားခဲ့တာပါ။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်က အမှားအယွင်းတွေကို ငြင်းဆိုထားပြီး တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိကြောင်း ထပ်ခါတလဲလဲ ကတိပြုထားပါတယ်။

ကမ္ဘာ့အတင်းကျပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုကို စော်ကားမှုကနေ ကာကွယ်ထားတဲ့ ဥပဒေအောက်မှာ တော်ဝင်တွေကို မဝေဖန်ဖို့ တားမြစ်ထားပါတယ်။

တော်ဝင်မိသားစုကို စော်ကားမှုတခုစီအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အငြင်းပွားစရာ ဖြစ်နေတဲ့ ဥပဒေအောက်မှာ မကြာသေးမီနှစ်တွေအတွင်း တရားစွဲဆိုမှုပေါင်း ၂၇၀ ကျော်ရှိခဲ့ပြီး သက်ဆင်ရဲ့အမှုဟာ အထင်ရှားဆုံးပါ။ ဒီအမှုမှာ တရားမျှတမှုကို တောင်းဆိုထားပါတယ်။

သက်ဆင်ဟာ လူကြိုက်များတဲ့ ဖွေထိုင်းပါတီကို တည်ထောင်ခဲ့ပြီး သူ့မိသားစုပါတီတွေဟာ ၂၀၀၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတခုကလွဲလို့ ကျန်ရွေးကောက်ပွဲ အားလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။ သူ့အစိုးရ ၃ ရပ်ဟာလည်း အာဏာသိမ်းမှု ဒါမှမဟုတ် တရားရုံး စီရင်ချက်တွေနဲ့ ဖြုတ်ချခံခဲ့ရပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013