DVB Logo
Home
မြန်မာသတင်း
KNDF တပ်ရင်း ၂၅ က ရဲဘော်သစ်များ စိစစ်ခေါ်ယူနေ 
DVB
·
June 13, 2024
KNDF တပ်ရင်း ၂၅ က ရဲဘော်သစ်များ စိစစ်ခေါ်ယူနေ 
Donate to DVB

ကရင်နီ(ကယားပြည်နယ်)အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အသစ်ဖွဲ့စည်းထားတဲ့ အမှတ် ၇ စစ်ဗျူဟာ လက်အောက်ခံ အမှတ် ၂၅ တပ်ရင်းကနေ ရဲဘော်သစ်တွေ ခေါ်ယူနေပြီး ဒလန်/သူလျှို ပါဝင်မလာစေရေး စိစစ်ခေါ်ယူနေပါတယ်။

KNDF အမှတ် ၂၅ တပ်ရင်းဟာ ၂၀၂၄ ခုနှစ် မေ ၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တပ်ရင်းအသစ်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ ကျန်းမာသန်စွမ်းသူ၊ ခက်ခဲကြမ်းတမ်း ပင်ပန်းမှုကိုခံနိုင်သူ၊ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကိုင်နိုင်သူနဲ့ အနည်းဆုံး ၂ နှစ် တော်လှန်ရေးတာဝန် ထမ်းဆောင်နိုင်သူတွေကို စိစစ်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။

တပ်ရင်း အမှတ် ၂၅ ပြန်ကြားရေးတာဝန်ရှိသူတဦးက “တပ်သားသစ်ခေါ်ယူရာမှာ စိစစ်ရေးကိစ္စက ကျနော်တို့ တော်တော်အလေးထားတဲ့ ကိစ္စပေါ့။ ကျနော်တို့က အပိုင်းနှစ်ပိုင်း ခွဲထားတယ်ဗျ။ ပထမအပိုင်းမှာတော့ လက်ရှိ ရဲဘော်ဟောင်းတွေ အာမခံပေးနိုင်တဲ့ လူမျိုးတွေပေါ့။ ဒုတိယပိုင်းကတော့ လုံးဝ လူသစ်တွေပေါ့။ အကုန်လုံးကိုတော့ တပ်ရင်းက စစ်ဆေးတဲ့ လုံခြုံရေးဆိုင်ရာ မေးခွန်းတွေနဲ့ နိုင်ငံရေး၊ စစ်ရေး ဘယ်လောက်အထိ သိလဲဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးပါတယ်။ အဆင်ပြေမှ ခေါ်ပြီးတော့ ရောက်လာပြီဆိုရင် စောင့်ကြည့်ကာလနဲ့ စခန်းမှာ အချိန်တခုထိ ထားပါတယ်” လို့ DVB ကို ပြောပါတယ်။

တပ်ရင်း ၂၅ အနေနဲ့ စစ်ရေးလှုပ်ရှားမှုကို ​ဖြေကြားခွင့်မရှိသေးတာကြောင့် လက်ရှိ စစ်ရေးလှုပ်ရှားမှုတွေကိုတော့ မသိရသေးပါဘူး။

KNDF အမှတ် ၇ စစ်ဗျူဟာကို မေ ၃၀ ရက်မှာ တပ်ရင်း ၂၅၊ ၂၆၊ ၂၇၊ ၂၈ တို့နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က ဗျူဟာ အမှတ် ၇ ရဲ့ စစ်သင်တန်းဆင်းပွဲ အပတ်စဉ် ၁ ကို စစ်အင်အား ၅၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013