DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် သီဟိုဠ်စေ့ဈေးထိုးကျသဖြင့် တောင်သူများ အခက်ကြုံ
DVB
·
June 11, 2024
ဧရာဝတီတိုင်းတွင် သီဟိုဠ်စေ့ဈေးထိုးကျသဖြင့် တောင်သူများ အခက်ကြုံ
1 / 2
Donate to DVB

ဧရာဝတီတိုင်းက စိုက်ပျိုးရေးထွက်ကုန် သီဟိုဠ်စေ့တွေ တပိဿာကို ငွေကျပ် ၂,၅၀၀ အထိ ကျဆင်းနေလို့ သီဟိုဠ်‌စေ့စိုက်ပျိုးတဲ့ တောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ စိုက်ပျိုးရေးထွက်ကုန် သီဟိုဠ်စေ့တွေ ဈေးကျဆင်းနေတာဟာ စစ်တပ်အာဏာသိမ်းခဲ့တာကြောင့် ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင် ဖြစ်နေတဲ့အတွက် အရင်က တပိဿာ ငွေကျပ် ၈,၅၀၀ အထိ ဈေးပေါက်ခဲ့ဖူးတဲ့ သီဟိုဠ်စေ့ဟာ တပိဿာ ငွေကျပ် ၂,၅၀၀ အထိ ဈေးကျဆင်းနေတာလို့ ကုန်သည်တွေနဲ့ စိုက်ပျိုးသူတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းက လယ်ယာထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “အခုလို တပိဿာ ကျပ် ၂,၅၀၀ အထိ သီဟိုဠ်ဈေးထိုးကျနေတာက ကျနော်တို့ ပြည်ပဈေးကွက် မတင်ပို့နိုင်တာကြောင့်လေ။ စိုက်ပျိုးသူတွေကတော့ ပုံမှန်အတိုင်း စိုက်ခဲ့တာပေါ့။ ဈေးကောင်းမရတော့ ခက်နေပြီ။ သီဟိုဠ်စေ့က ပြည်ပစျေးကွက်ကို အဓိက အားထားရတဲ့ စိုက်ပျိုးရေးထွက်ကုန်လေ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ သီဟိုဠ်စေ့တွေကို ဧကသိန်းချီ စိုက်ပျိုးထုတ်လုပ်ကြပြီး မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်တွေထဲက ပင်လယ်ကမ်းစပ်ဒေသတွေမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတောင်သူတွေက အများဆုံး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

သီဟိုဠ်စိုက် တောင်သူတယောက်က “အရင်က တပိဿာ ကျပ် ၈,၅၀၀ အထိ ဈေးရရှိခဲ့တာ။ အခုတော့ အရင်ဈေးမီဖို့ဝေးလို့ သင့်တင့်တဲ့ ဈေးနှုန်းလေးတောင် မရဘူးဖြစ်နေတယ်။ တရာသီမှ တခါပေါ်တဲ့ သီးနှံဖြစ်တော့ ပေါ်ချိန်လေး ဈေးကောင်းရချင်တယ်။ အခုက ပေါ်ချိန်ကုန်လို့ ရာသီကုန်တော့မယ်၊ ဈေးကတက်မလာဘူး” လို့ ပြောပါတယ်။

အဲဒီ သီဟိုဠ် စိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းဟာ နွေကာလမှာ အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး သီဟိုဠ်သီးနှံဟာ ပင်လယ်ကမ်းစပ်ဒေသတွေမှာ အဓိက စိုက်ပျိုးထုတ်လုပ်လို့ ဖြစ်ထွန်းအောင်မြင်တဲ့ သီးနှံဖြစ်ပြီး မိုးရာသီမှာ သီဟိုဠ်လုပ်ငန်း လုပ်ကိုင်မရဘဲ လုပ်ငန်း ပိတ်သိမ်းကြရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံကထွက်ရှိတဲ့ သီဟိုဠ်စေ့တွေကို အရင်က တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ အာဖရိက၊ ဂျပန်နဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013