
Apple ကုမ္ပဏီက Siri နဲ့ Operating Systems တို့မှာ OpenAI’s ရဲ့ ChatGPT ကို ထည့်သွင်းပြီး အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။
AI နည်းပညာပြိုင်ပွဲထဲကို ဝင်ရောက်လာတဲ့ Apple ဟာ Siri အပါအဝင် တခြား Features အသစ်တွေကို တနင်္လာနေ့မှာပြုလုပ်တဲ့ နှစ်ပတ်လည် Developer ပြပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
iPhone တွေထုတ်လုပ်တဲ့ Apple ကုမ္ပဏီက Apple ပစ္စည်းအသုံးပြုသူတွေ ခရီးသွားလမ်းညွှန် အသုံးပြုမှု ပိုမိုလွယ်ကူစေဖို့ ရည်ရွယ်ပြီး Apple Intelligence လို့ခေါ်တဲ့ ကိုယ်ပိုင် AI စနစ်ကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
Open AI နဲ့အတူ ChatGPT ကို အသုံးပြုနိုင်ဖို့ iPhone နဲ့ မက်ကွန်ပျူတာတွေမှာ အသုံးပြုဖို့ အဆင့်မြှင့်တင်တာ ဖြစ်ပါတယ်။
ChatGPT ဟာ စာနဲ့ အကြောင်းအရာ ဖန်တီးမှုတို့ အပါအဝင် တခြား Tools တွေကို အဆင့်မြှင့်တင်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Apple အမှုဆောင်ချုပ် တင်ကွတ်ခ်က ဒီလိုအဆင့်မြှင့်တင်မှုဟာ ကုမ္ပဏီထုတ်ကုန်တွေကို အဆင့်မြင့်စေမှာဖြစ်တယ်လို့ ပြောပါတယ်။
ကယ်လီဖိုးနီးယားရှိ ကူပါတီနိုရုံးချုပ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ Developer အစည်းအဝေးမှာ Apple အမှုဆောင်ချုပ် တင်ကွတ်ခ်က ပြောဆိုခဲ့တာပါ။
Apple ရဲ့ AI တိုးမြှင့်မှုကို တက်စလာပိုင်ရှင် အီလွန်မတ်စ်ခ်ကတော့ ကြိုဆိုခဲ့ခြင်း မရှိပါဘူး။ အချက်အလက် လုံခြုံရေးတွေကြောင့် iPhone တွေ ကုမ္ပဏီကို မယူလာဖို့တောင် ခြိမ်းခြောက်မှုတွေ အီလွန်မတ်စ်ခ်က ပြုလုပ်ထားပါတယ်။
အီလွန်မတ်စ်ခ်က “OpenAI ကို ခင်ဗျားတို့ အချက်အလက်တွေ ယူသွားမယ်ဆိုတာ Apple က သဲလွန်စပေးထားတာ မရှိပါဘူး။ သူတို့က ခင်ဗျားအချက်အလက်တွေကို ရောင်းစားနေတာပါ” လို့ ပြောပါတယ်။
Apple Intelligence ဆိုတာ ထုတ်ကုန်တခု မဟုတ်သလိုApp တခုလည်း မဟုတ်ပါဘူး။ App တိုင်းရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး Apple သုံးသူတွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စာရေးတဲ့အခါ စာချောမွေ့အောင် ကူညီပေးတာမျိုး ဒါမှမဟုတ် ဒိုင်ယာရီရေးတဲ့အခါ အကောင်းဆုံး လမ်းညွှန်မှု ပေးနိုင်တာမျိုးဖြစ်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ AI နဲ့တူပြီး ဒီလိုသုံးစွဲမှုအတွက် အပိုငွေပေးရတာမျိုး မရှိပါဘူး။
ပြိုင်ဘက်တွေက နည်းပညာတွေ အသုံးပြုနေတာကြောင့် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့နောက်မှာ Apple က AI အသစ်ကို မိတ်ဆက်ဖို့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဇန်နဝါရီလက မိုက်ခရိုဆော့ဖ်က ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီအဖြစ် ကျော်တက်ခဲ့ပြီးနောက် Nvidia ကလည်း ဇွန်လအစောပိုင်းမှာ ကျော်တက်ခဲ့လို့ Apple အနေနဲ့ ဖန်တီးမှုအသစ်တွေကို ချပြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
တင်ကွတ်ခ်က ၂၀၂၃ ခုနှစ်တုန်းက နည်းပညာနဲ့ ဂရုပြုမှုကို ချဉ်းကပ်သွားမယ်လို့ ပြောဆိုခဲ့ပြီးနောက်ပိုင်း လုပ်ဆောင်မှုအသစ်တွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
Source-Reuters










