DVB Logo
Home
မြန်မာသတင်း
Kingsrich Myanmar Fashion စက်ရုံ အလုပ်သမားများ လုပ်ခတိုးပေးရန် သပိတ်မှောက် တောင်းဆို
DVB
·
June 10, 2024
Kingsrich Myanmar Fashion စက်ရုံ အလုပ်သမားများ လုပ်ခတိုးပေးရန် သပိတ်မှောက် တောင်းဆို
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ Kingsrich Myanmar Fashion အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေက လုပ်ခတိုးပေးဖို့ ဇွန် ၁၀ ရက် မနက်က အလုပ်မလုပ်ဘဲ သပိတ်မှောက် တောင်းဆိုခဲ့ကြတယ်လို့ အဲဒီအလုပ်သမားတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စက်ရုံလုပ်သားတွေက လက်ရှိပေးနေတဲ့ ဒေးကြေးထက်ပိုပြီး လုပ်ခတိုးပေးဖို့အတွက် စက်ရုံအတွင်း မီးပိတ်ကာ အလုပ်မလုပ်ဘဲ တောင်းဆိုခဲ့ကြတာဖြစ်ပြီး အဲဒီလို တောင်းဆိုနေချိန်မှာ စစ်တပ်နဲ့ ရဲတွေ စက်ရုံအတွင်း ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံအတွင်း အလုပ်သမားတွေနဲ့ အဆက်အသွယ်ရှိသူတဦးက “အလုပ်သမားတွေ အားလုံးက တောင်းဆိုတာ။ စစ်သားတွေ ရောက်လာပြီး ဦးဆောင်သူကို ခေါ်တယ်။ အလုပ်သမားတွေက ဦးဆောင်သူမရှိဘူးလို့ ပြောထားတယ်။ အခု သူတို့ အထဲမှာ ဘာတွေထပ်ညှိနေလဲ မသိဘူး။ စစ်သားနဲ့ ရဲတွေ စက်ရုံထဲဝင်လာပြီ ပြောပြီး အထဲက အလုပ်သမားက ဖုန်းချသွားတယ်။ ပြန်ခေါ်လို့မရသေးဘူး” လို့ ပြောပါတယ်။

Kingsrich Myanmar Fashion အထည်ချုပ်စက်ရုံမှာ နာမည်ကြီးအမှတ်တံဆိပ် H&M အဝတ်အထည်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး စက်ရုံအတွင်း သမဂ္ဂဖွဲ့စည်းခွင့် တားမြစ်ထားသလို အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မကြာခဏ ပြဿနာဖြစ်လေ့ရှိတဲ့စက်ရုံ ဖြစ်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

လက်ရှိမှာ စက်လိုင်းတလိုင်းကို ကိုယ်စားပြုတဦးစီနဲ့ ညှိနှိုင်းဖို့ လုပ်နေတယ်လို့ ကနဦး သတင်းရရှိထားပါတယ်။

အဲဒီစက်ရုံမှာ စက်လိုင်း ၃၀ ရှိပြီး လုပ်သား ၁,၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်နေတာလို့လည်း အလုပ်သမားတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကလည်း GY-Sen အထည်ချုပ်စက်ရုံ အလုပ်သမားတွေ လုပ်ခတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ရာ စစ်တပ်ကရောက်လာပြီး ဦးဆောင်ပါဝင်သူတချို့ကို ဖမ်းဆီးတဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013