DVB Logo
Home
မြန်မာသတင်း
လောင်းလုံးနှင့် သရက်ချောင်းတွင် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဆန္ဒပြ
DVB
·
June 9, 2024
လောင်းလုံးနှင့် သရက်ချောင်းတွင် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဆန္ဒပြ
1 / 8
Donate to DVB

စစ်ကောင်စီတပ်စခန်းတွေ အခြေစိုက်ထားတဲ့ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းမှာ အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဇွန် ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“စစ်မှုထမ်းဥပဒေကို ဆန့်ကျင်၊ အာဏာရှင်စနစ်ကို သုတ်သင်” ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ဇွန် ၆ ရက်နေ့ လောင်းလုံမြို့ပေါ်နဲ့ ဇွန် ၈ ရက်နေ့က သရက်ချောင်းမြို့နယ်အတွင်းမှာ ပြုလုပ်ခဲ့တယ်လို့ DDMSC ဆီက သိရပါတယ်။

လှုပ်ရှားမှုကိုဦးဆောင်တဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက  “အဲဒီလှုပ်ရှားမှုက ဒေသအသီးသီးမှာရှိနေတဲ့ လူထုသပိတ်လှုပ်ရှားမှုအင်အားစု ၉ ခုက ပူးပေါင်းပြီးတော့ ဇွန် ၇ ရက်နေ့မှာ လှုပ်ရှားကြတာပါ။ ကျနော်တို့က မြို့ပေါ်လုံခြုံရေးအခြေအနေအရ ၆ ရက်နေ့မှာလှုပ်ရှားတယ်။ DDMSC ရဲ့ အင်အားစုတခုဖြစ်တဲ့ သရက်ချောင်းမြို့နယ်မှာတော့ ၈ ရက်နေ့မှာ လက်ကမ်းစာစောင်ဝေတာတွေ၊ ပိုစတာကပ်တာတွေ လှုပ်ရှားကြတယ်” လို့ ပြောပါတယ်။

ပြည်သူတဦးချင်းစီအနေနဲ့ စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်ခြင်း မခံရဖို့ ရသမျှနည်းလမ်းတွေနဲ့ ကြိုးပမ်းခြင်းအားဖြင့် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့လိုတယ်လို့ DDMSC က ဆိုပါတယ်။

“ဒီခေါင်းစဥ်နဲ့လှုပ်ရှားတဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ဖို့နဲ့ အာဏာရှင်စနစ်ကို အဆုံးထိ တိုက်ဖို့အတွက်ပါ။ စစ်မှုထမ်းဥပဒေ ဆန့်ကျင်တာက လက်ရှိအခြေမှာ လှုပ်ဆောင်ရမယ့် အရေးကြီးတဲ့အရာတခုဖြစ်တယ်။ စစ်မှုထမ်းဥပဒေမှာ အကြုံးဝင်နေတဲ့ လူငယ်တွေကို နည်းလမ်းတွေရှာဖွေပေးရမယ်၊ ကူညီပေးရမယ်” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။ 

စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး အခက်အခဲဖြစ်နေတဲ့သူတွေအနေနဲ့ ထားဝယ်ခရိုင် ဒီိမုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ အပါအဝင် နီးစပ်ရာတော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီး အကြံဉာဏ်၊ အကူအညီတွေ တောင်းခံရယူနိုင်တယ်လို့လည်း DDMSC က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013