DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၁၁ ရက် ကြေညာမည်
DVB
·
June 8, 2024
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၁၁ ရက် ကြေညာမည်
Donate to DVB

စနစ်သစ်အဖြစ်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို လာမယ့် ဇွန် ၁၁ ရက်မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။

မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲနဲ့  ဧပြီလနဲ့ မေလတို့မှာ အထူးအစီအစဉ်တရပ်အနေနဲ့ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို လာမယ့် ၁၁ ရက် (အင်္ဂါနေ့)၊ မနက် ၆ နာရီမှာ ထုတ်ပြန်ကြေညာမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဒီနေ့မှာ အသိပေးထားပါတယ်။

အဆိုပါအောင်စာရင်းတွေကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ တချိန်တည်း ကပ်ထားမှာဖြစ်ပြီး အောင်စာရင်းထုတ်ပြန်မယ့် ရက်ရဲ့ မနက် ၄ နာရီမှာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို Website ကအသိပေးထုတ်ပြန်ကြေညာမယ့်အပြင် ဝေးလံတဲ့ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ်ကောင်းစွာ မရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းတွေကို မြန်မာ့အသံရေဒီယို အစီအစဉ်ကလည်း အောင်စာရင်းထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့သိရပါတယ်။

ပြီးခဲ့တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားကျောင်းသူ ၁၄၀,၀၀၀ ကျော် စာရင်းပေးခဲ့ပြီး ၁၂၀,၀၀၀ လောက်သာဝင်ရောက်ဖြေဆိုခဲ့ကာ ကယားပြည်နယ် (ကရင်နီ) မှာတော့ စာစစ်ဌာနလုံးဝ မဖွင့်နိုင်ခဲ့ပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013