DVB Logo
Home
အားကစား
အင်္ဂလန်အသင်း အိုက်စလန်ကို ရှုံးနိမ့်
DVB
·
June 8, 2024
အင်္ဂလန်အသင်း အိုက်စလန်ကို ရှုံးနိမ့်
Donate to DVB

ယူရိုပြိုင်ပွဲအကြို နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် မနေ့ညက ကစားသွားတဲ့ အင်္ဂလန်အသင်းနဲ့ အိုက်စလန်အသင်းတို့ရဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ အိုက်စလန်အသင်းက အင်္ဂလန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ဝင်ဘလေအိမ်ကွင်းမှာ အိုက်စလန်အသင်းကို ပထမ ပိုင်း ၁၂ မိနစ်မှာ ဂျေပေါ့စတိန်ဆန်ရဲ့ တလုံးတည်းသောဂိုးနဲ့ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ အိုက်စလန်အသင်းထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ပိုမိုရရှိခဲ့တာဖြစ်ပေမဲ့ တိုက်စစ်မှူး ဟာရီကိန်း ဂိုးပေါက်ရှေ့မှာ အပိုင်ရတဲ့ ဘောလုံးကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့အတွက် ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။ 

နည်းပြ ဆောက်ဂိတ်ဟာ ယူရိုပြိုင်ပွဲအတွက် ပဏာမလူစာရင်းကနေ ၇ ဦးကို ချန်လှပ်ပြီး အပြီးသတ် ၂၆ ဦးစာရင်းကို ထပ်မံရွေးချယ်ခဲ့တာပါ။

ချန်လှပ်ခံရတဲ့ ၇ ဦးထဲမှာ မန်စီးတောင်ပံ ကစားသမား ဂျက်ကဂရေးလစ်ရှ်၊ မန်ယူနောက်ခံလူ မက်ဂွဲယား၊ စပါးကွင်းလယ်လူ မက်ဒီဆန်တို့ အပါအဝင် တခြားလူငယ်ကစားသမား ၄ ဦးတို့ ချန်လှပ်ခံခဲ့ရတာပါ။

ဂျက်ဂရေးလစ်ရှ် ချန်လှပ်ခံရတဲ့အပေါ် အင်္ဂလန်ကစားသမားအများစု အံ့အားသင့်ခဲ့ကြတယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။

နည်းပြဆောက်ဂိတ်ကတော့ ကလပ်အသင်းကစွမ်းဆောင်ရည်က အပြီးသတ်လူစာရင်း ရွေးချယ်ရာမှာ အဓိကကျခဲ့ပြီး ချန်လှပ်ခံရသူတွေဟာ ကလပ်အသင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တာ ကြောင့် ဖြစ်တယ်လို့ ရှင်းလင်းသွားခဲ့ပါတယ်။

အင်္ဂလန်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပေါ် ဝမ်းနည်းမိကြောင်း စပါးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်က ပြောသွားပါတယ်။

ယူရိုပြိုင်ပွဲအထိ လိုက်ပါကစားခွင့်ရမယ်လို့ ထင်ခဲ့ပေမဲ့ ချန်လှပ်ခံရတဲ့အပေါ် ဝမ်းနည်းမိကြောင်း၊ နည်းပြရဲ့ဆုံးဖြတ်ချက်အပေါ် လေးစားမှုထားရမှာ ဖြစ်ကြောင်း မက်ဒီဆန်က ပြောပါတယ်။

လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ စပါးအသင်းနဲ့ ဒုတိယရာသီဝက်ကာလ ခြေစွမ်းက နည်းပြရဲ့ ဆုံးဖြတ်ချက်မှာ အဓိကကျလိမ့်မယ်လို့ မက်ဒီဆန်က ပြောပါတယ်။

ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းသားတွေအနေနဲ့ ဆုဖလားနဲ့အတူ အမိမြေဆီ ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်း မက်ဒီဆန်က ပြောသွားပါတယ်။

လာမဲ့ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ကစားသမားတချို့ဟာ သူတို့ရဲ့ စိတ်ကြိုက်ကျောနံပါတ်ကို  ရရှိမှာ မဟုတ် ပါဘူး။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအပိုဒ် ၅၈ အရ ကစားသမားတွေရဲ့ကျောနံပါတ်ကို နံပါတ်၁ ကနေ ၂၆ အတွင်း သာ ထားရှိရမှာဖြစ်တယ်လို့ စည်းမျဉ်းထုတ်ပြန်ထားတာပါ။

ဒီအခြေအနေကြောင့် လီဗာပူးနောက်ခံလူ အာနိုးလ်က ကလပ်အသင်းမှာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၆၆ ကို ဝတ်ဆင်ခွင့်ရမှာမဟုတ်သလို၊ အာဆင်နယ်က ဒက်ကလန်ရိုက်စ်ဟာလည်း ကျောနံပါတ် ၄၁ ဝတ်ဆင် ခွင့် ရမှာမဟုတ်ပါဘူး။

အလားတူ မန်စီတီးကစားသမား ဖီးလ်ဖိုဒမ်ဟာလည်း ကျောနံပါတ် ၄၇ ဝတ်ဆင် ခွင့်ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ ခြေစမ်းပွဲတွေမှာတော့ ကျောနံပါတ်တွေကို ပွဲထွက်လူစာရင်းအလိုက် ပြောင်းလဲဝင်ဆင်ခွင့်ပေးခဲ့ပြီး ပွဲထွက်လူစာရင်း ၁၁ ဦးကို နံပါတ် ၁ ကနေ ၁၁ အထိ အစဉ်လိုက် ဝတ်ဆင်ကစားစေတာဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013