DVB Logo
Home
မြန်မာသတင်း
NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
DVB
·
June 6, 2024
NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
Donate to DVB

စစ်ဘေးရှောင်ပြည်သူတွေကို  ပံ့ပိုးကူညီနိုင်ရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး အပါအဝင် လက်ရှိမြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့  ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ဇွန် ၄ ရက်နေ့က တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာပြည်သူတွေအတွက် ဩစတြေးနိုင်ငံအနေနဲ့ ကူညီပံ့ပိုးပေးမယ့် လမ်းကြောင်းတွေကို  ဆွေးနွေးရှာဖွေခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဆွေးနွေးရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးကိစ္စရပ်တွေမှာ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြကာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့  အကျပ်အတည်းနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ကြောင်းနဲ့  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်မှုကို ဖော်ဆောင် မြှင့်တင်နိုင်ဖို့ နိုင်ငံတကာအကူအညီ  အရေးတကြီး လိုအပ်နေကြောင်း အလေးထား ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူတွေကို  ပံ့ပိုးကူညီနိုင်ရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေးတို့ အပါအဝင် ဩစတြေးလျနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အထောက်အကူပြုတဲ့ ငြိမ်းချမ်း၊ သာယာဝပြောတဲ့ ဒီမိုကရက်တစ် မြန်မာနိုင်ငံဖြစ်လာရေး အမျိုးသားညီညွတ်ရေးအစိုးရက ထပ်လောင်း ကတိပြုပြောဆိုခဲ့တယ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ကင်ဘာရာခရီးစဉ်နဲ့ ပတ်သက်လို့တော့ ဩစတြေးလျအစိုးရက သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။ 

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကျန်းမာ​ရေးထိပ်သီးအစည်းအဝေးရဲ့ ဒေသတွင်းအစည်းအဝေးမှာ NUG  ကျန်းမာရေးဝန်ကြီးနှင့် ပညာရေးဌာနဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး  ပါဝင် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013