DVB Logo
Home
မြန်မာသတင်း
NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ စျာပနကျင်းပ
DVB
·
June 5, 2024
NLD နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ စျာပနကျင်းပ
1 / 13
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးရဲ့  ဈာပနကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဇွန် ၅ ရက်မွန်းလွဲပိုင်းက ကျင်းပပါတယ်။

တပ်မတော်ထက် ပြည်သူကိုပိုချစ်တယ်လို  ပြောဆိုခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဗိုလ်ချုပ်ကြီးဟောင်းတဦးရဲ့ စျာပနကို နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပေမဲ့ လွမ်းသူ့ပန်းခြင်း ပေးပိုခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီးတို့ကလည်း  လွမ်းသူ့ပန်းခြင်းနဲ့ သင်္ဃန်းတစုံပေးပိုခဲ့ပြီး ရန်ကုန်တိုင်း တိုင်းမှူးနဲ့ စစ်ကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်တို့လည်း ဈာပနကို တက်ရောက်ခဲ့ကြပါတယ်။

ဆန့်ကျင်ဘက်စစ်ဘက်အသိုက်အဝန်းကပါ အသိမှတ်ပြုလေးစားခြင်းခံရတဲ့ NLD နာယက သူရဦးတင်ဦးရဲ့ စျာပနကို ဂျပန်၊ တရုတ်၊ စင်ကာပူစတဲ့ နိုင်ငံခြားသံရုံးတွေက သံအမတ်ကြီးတွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့   သူ့ကိုချစ်ခင်လေးစားတဲ့ NLD ပါတီဝင်တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

NLD ပါတီကို စတင်ထူထောင်ခဲ့ရာမှာပါဝင်ခဲ့သူတဦးဖြစ်တဲ့ သူရဦးတင်ဦးဟာ ၁၉၈၈ ရှစ်လေးလုံးလူထု အရေးတော်ပုံကာလကတည်းက ကွယ်လွန်သည်အထိ မြန်မာ့ဒီမိုကရေစီရေးအတွက် ပြည်သူ့ဘက်ကရပ်တည် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ပြီး  ဇွန် ၁ ရက်နေ့၊ မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013