DVB Logo
Home
နိုင်ငံတကာ
ရေနံလျှော့ထုတ်ရန် ဆုံးဖြတ်သော်လည်း ရေနံစျေးကျ
DVB
·
June 3, 2024
ရေနံလျှော့ထုတ်ရန် ဆုံးဖြတ်သော်လည်း ရေနံစျေးကျ
Donate to DVB

ရေနံတင်ပို့ရောင်းချသူနိုင်ငံများအဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေ (OPEC+) က ၂၀၂၅ အထိ ရေနံလျှော့ထုတ်ဖို့ ဆုံးဖြတ်လိုက်ကြပေမဲ့ ဇွန် ၃ ရက် အစောပိုင်းမှာ ရေနံစျေးကျသွားခဲ့ပါတယ်။

ဩဂုတ်လမှာပို့မယ့် ဘရန့် အနာဂတ်ရေနံစျေးက ၂၄ ဆင့်ကျသွားပြီး GMT 0030 မှာ တစည်ကို ဒေါ်လာ ၈၀ ဒသမ ၈၇ ဖြစ်သွားပါတယ်။

ဇူလိုင်လအတွက် US အနောက်တက္ကဆက် ပျမ်းမျှစျေး (WTI) ကလည်း ၁၉ ဆင့် ကျသွားပြီး ၇၆ ဒသမ ၈၀ ဒေါ်လာ ဖြစ်သွားပါတယ်။

ရေနံထုတ်လုပ်တဲ့နိုင်ငံတွေက ရေနံစိမ်းစျေးကို တစည် ဒေါ်လာ ၈၀ အထက်မှာ ထိန်းထားနိုင်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ရေနံတင်ပို့ရောင်းချသူနိုင်ငံများအဖွဲ့ (OPEC) နဲ့ ရုရှားဦးဆောင်တဲ့ မဟာမိတ်များ နှစ်ခုပေါင်းပြီး OPEC+ လို့ခေါ်တဲ့ အင်အားစုဟာ ကမ္ဘာ့ဝယ်လိုအားရဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်းရှိတဲ့ တရက်ကို ရေနံစည် ၅ ဒသမ ၈၆ သန်းအထိ ထုတ်လုပ်မှု လျှော့ချထားပါတယ်။

OPEC+ ရဲ့ ရေနံစိမ်းဝယ်လိုအားဟာ ၂၀၂၄ ဒုတိယနှစ်ဝက်မှာ တနေ့ကို စည်ပေါင်း ၄၃ ဒသမ ၆၅ သန်း ရှိမယ်လို့ မှန်းထားပါတယ်။

အဲဒါကို ဧပြီလ ထုတ်လုပ်မှုအတိုင်း တနေ့ကို စည်ပေါင်း ၄၁ ဒသမ ၀၂ သန်းပဲ ဆက်ထုတ်ခြင်းအားဖြင့် လက်ကျန်ရေနံကို ဖြုန်းနိုင်မှာြဖစ်ပါတယ်။

ဒါကြောင့် လျှော့ချထုတ်လုပ်မှုကို ၂၀၂၅ အထိ ထပ်တိုးဖို့ ဇွန် ၂ ရက်မှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေနံစျေးကျလာတာ၊ ဝယ်လိုအားလျော့လာတာနဲ့ အညီဖြစ်ဖို့ အခုလို လျှော့ထုတ်ဖို့ ညှိနှိုင်းဆုံးဖြတ်တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013