DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၄ လအတွင်း သဘာဝဘေးကြောင့် လူ ၆၀၀ ထိခိုက်ခံစားခဲ့ရ
DVB
·
June 1, 2024
ဧရာဝတီတိုင်းတွင် ၄ လအတွင်း သဘာဝဘေးကြောင့် လူ ၆၀၀ ထိခိုက်ခံစားခဲ့ရ
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးတဲ့တဲ့ ၄ လအတွင်း သဘာဝဘေးအန္တရာယ် အကြိမ် ၁၇၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အယောက် ၆၀၀ လောက် သဘာဝဘေးဒဏ် ခံစားခဲ့တယ်လို့ တိုင်းသဘာဝဘေးအန္တရာယ် ကာကွယ်တုံ့ပြန်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ၄ လတာကာလအတွင်း သဘာဝဘေးအန္တရာယ် အကြိမ်ရေ ၁၇၀ ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ သဘာဝဘေး ၁၇၀ ကြိမ်မှာ လူ ၁၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ အိမ်ထောင်စု ၅၀၀ က လူအယောက် ၆၀၀ ကျော် သဘာဝဘေးဒဏ် ခံစားခဲ့ရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက သဘာဝဘေး ကာကွယ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ တာဝန်ရှိသူ တယောက်က “၄ လအတွင်း သဘာဝဘေးတွေထဲမှာ လေပြင်းတိုက်ခတ်တဲ့ သဘာဝဘေးက အများဆုံး ဖြစ်ခဲ့တယ်။ မတ်လနဲ့ ဧပြီလထဲမှာ ပိုအဖြစ်များခဲ့တာ။ မြစ်ရေတိုက်စားလို့ ကမ်းပြိုဘေးတွေလည်း ဖြစ်ခဲ့တယ်။ လေပြင်းဒဏ်နဲ့ မိကျောင်းအန္တရာယ် ပြုတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေ များခဲ့တယ်။ မိုးရာသီရောက်လာပြီမို့ ရေဘေးအန္တရာယ်နဲ့ လေပြင်းဘေးကို သတိပြုဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၄ လအတွင်း ဧရာဝတီတိုင်းမှာ ပုသိမ်၊ သာပေါင်း၊ အင်္ဂပူ၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ မအူပင်၊ မြန်အောင်၊ ဘိုကလေး၊ ကျိုက်လတ်၊ ဝါးခယ်မ၊ လပွတ္တာ စတဲ့မြို့နယ်တွေမှာ သဘာဝဘေးအန္တရာယ်တွေ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအခြေပြု လုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့ဝင်တယောက်က “ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၄ လအတွင်း သဘာဝဘေးတွေထဲမှာ လေပြင်းတိုက်ခတ်တဲ့ သဘာဝဘေးက အများဆုံးဖြစ်ခဲ့တာ။ သဘာဝဘေးတွေကြောင့် လူသေဆုံးတာတော့ မရှိခဲ့ပါဘူး။ သဘာဝဘေးတွေက မအူပင်မြို့နယ်နဲ့ ဟင်္သာတမြို့နယ်တွေမှာ အများဆုံး ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ဒဏ်သင့် ဒေသခံတွေကို လတ်တလော ထောက်ပံ့ရေး၊ ရေရှည် ပြန်လည်ထူထောင်ရေး စတဲ့ကဏ္ဍတွေအလိုက်ခွဲပြီး သဘာဝဘေးကာကွယ်ရေး အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ စနစ်တကျ စာရင်းပြုစု ပူးပေါင်းဆောင်ရွက်နေပြီး သက်ဆိုင်ရာက ထောက်ပံ့ကူညီမှု အားနည်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013