DVB Logo
Home
နိုင်ငံတကာ
အိုက်စလန်တွင် မီးတောင်ပေါက်ကွဲ
DVB
·
May 30, 2024
အိုက်စလန်တွင် မီးတောင်ပေါက်ကွဲ
Donate to DVB

အိုက်စ်လန်ကျွန်းနိုင်ငံက မီးတောင်တခု မေ ၂၉ ရက်မှာ ပေါက်ကွဲခဲ့ပြီး ချော်ရည်တွေ ညလုံးပေါက် ဆက်လက်စီးထွက်နေပါတယ်။

ချော်ရည်ပူတွေက လေထဲ မီတာ ၅၀ အထိ ပန်းထွက်နေတာပါ။ ဒီမီးတောင်ဟာ ဒီဇင်ဘာလကနေ ခုထိ ၅ ကြိမ်မြောက် ပေါက်ကွဲတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က စတင်လှုပ်ရှားခဲ့တဲ့ မီးတောင်စနစ်အတွင်း အပြင်းထန်ဆုံး ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။

လေ့လာချက်တွေက မြေအောက်မှာ ချော်ရည်တွေ စုပုံလာနေတာကို ပြနေလို့ မြို့တော် ရေးကျားဗစ်ခ်ရဲ့ တောင်ဘက်မှာ မီးတောင်လှုပ်ရှားမှု အသစ်တွေရဲ့ ဘေးအန္တရာယ်တွေကို အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

ရေးကျားနက်စ် ကျွန်းဆွယ်မှာ သီတင်းပတ် ၈ ပတ်ကြာ ပေါက်ကွဲမှုအပြီး မကြာခင် ခုလို မီးတောင်ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။

မီးတောင်အက်ကွဲကြောင်းရဲ့ အရှည်က ၃ ဒသမ ၄ ကီလိုမီတာအထိ ရှိတယ်လို့ အိုက်စလန်ကျွန်း မိုးလေဝသ ရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013