DVB Logo
Home
နိုင်ငံတကာ
ဟူသီသူပုန်က အကျဉ်းသား အယောက် ၁၀၀ ကျော် ပြန်လွှတ်ပေး
DVB
·
May 27, 2024
ဟူသီသူပုန်က အကျဉ်းသား အယောက် ၁၀၀ ကျော် ပြန်လွှတ်ပေး
Donate to DVB

ယီမင်နိုင်ငံက ဟူသီအုပ်စုဟာ မြို့တော် ဆာနာမှာ အကျဉ်းသား ၁၀၀ ကျော်ကို မေ ၂၆ ရက်က လွှတ်ပေးခဲ့ပါတယ်။

အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မိသားစုတွေဆီ ပြန်ပို့တဲ့ ဒီလုပ်ရပ်ဟာ တဖက်သတ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုလို့ သူတို့က ပြောပါတယ်။

လွှတ်ပေးလိုက်တဲ့ အကျဉ်းသား အများစုမှာ ဖျားနာသူ၊ ဒဏ်ရာရသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူသားချင်းစာနာထောက်ထားစရာ ကိစ္စရပ်တွေ ပါဝင်နေတယ်လို့ ဟူသီတွေ ကွပ်ကဲလည်ပတ်နေတဲ့ အကျဉ်းသားရေးရာ ကော်မတီရဲ့ အကြီးအကဲ အဗ္ဗဒူ ကာဒါ အယ်လ် မာတာဒါက ပြောပါတယ်။

လွတ်မြောက်လာတဲ့ အကျဉ်းသားတွေဟာ စစ်မျက်နှာမှာ ဖမ်းမိလာတဲ့ အစိုးရစစ်သားတွေလို့လည်း သူက ပြောခဲ့ပါတယ်။

ဒါပေမဲ့ ယီမင်ရဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကတော့ အကျဉ်းသားတွေဟာ စစ်သားတွေမဟုတ်ဘဲ ဟူသီတွေက နေအိမ်တွေ လုပ်ငန်းခွင်တွေကနေ ပြန်ပေးဆွဲသွားတဲ့ အရပ်သားတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဓားစာခံတွေကို ဘယ်နာမည် ခေါင်းစဉ်အောက်ကနေပဲ လွှတ်ပေးတာ ဖြစ်ပါစေ ရာဇဝတ်မှုကတော့ ပျက်ပြယ်သွားမှာ မဟုတ်ဘူးလို့ ယီမင်နိုင်ငံရဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်ဝန်ကြီး မာဂျက် ဖက်ဒီယယ်က ဆိုရှယ်မီဒီယာပလက်ဖောင်း X မှာ ရေးသားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ အကျဉ်းသား ၁၁၃ ဦးကို တဖက်သတ် ပြန်လွှတ်ပေးဖို့ တနင်္ဂနွေနေ့က အတည်ပြုခဲ့ပြီး အကျဉ်းသားတွေကို လူသားဆန်ပြီး ဂုဏ်သိက္ခာရှိရှိ လွှတ်ပေးဖို့ ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ယီမင်နိုင်ငံဟာ ၂၀၁၄ ခုနှစ် နှောင်းပိုင်းမှာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို ဟူသီတွေက ဖြုတ်ချပြီးကတည်းက ပဋိပက္ခမှာ နစ်မြုပ်နေခဲ့တာပါ။

ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ စစ်ဘက်ညွန့်ပေါင်းအဖွဲ့က ၂၀၁၅ ခုနှစ်မှာ ယီမင်အစိုးရကို ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ပြီး ကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013