DVB Logo
Home
နိုင်ငံတကာ
ဘုရင်စနစ် စော်ကားမှုအတွက် ထိုင်းအတိုက်အခံလွှတ်တော်အမတ်ကို ထောင်ဒဏ် ၂ နှစ်ချ
DVB
·
May 27, 2024
ဘုရင်စနစ် စော်ကားမှုအတွက် ထိုင်းအတိုက်အခံလွှတ်တော်အမတ်ကို ထောင်ဒဏ် ၂ နှစ်ချ
Donate to DVB

ထိုင်းတရားရုံးတရုံးက အတိုက်အခံလွှတ်တော်အမတ် ချုံထိချာ ကျန်းရူကို မေ ၂၇ ရက်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။


လွန်ခဲ့တဲ့ ၃ နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဘုရင်စနစ်ကို စော်ကားမှုအတွက် စီရင်ချက်ချတာပါ။

အသက် ၃၁ နှစ်ရှိ ချုံထိချာက အသရေဖျက်မှု စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ဖို့ စောင့်ဆိုင်းနေတယ်၊ အာမခံပေးထားတယ်လို့ သူ့ရှေ့နေ မာရစ်ဆာ ပစ်ဆာယာက ပြောပါတယ်။ တရားရုံးက စီရင်ချက်နဲ့ပတ်သက်ပြီး ကြေညာချက် မထုတ်ပြန်ပါဘူး။


ဘုရင်စနစ်နဲ့ တော်ဝင်မိသားစုကို စော်ကားမှု ဥပဒေဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး ဥပဒေတခုဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ သြဇာကြီးတဲ့ ဘုရင်စနစ်ကို ဝေဖန်မှုတွေကနေ ကာကွယ်ဖို့ ကြိုးပမ်းထားတာပါ။ စော်ကားမှုတိုင်းကို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ပါတယ်။

ချုံထိချာဟာ လက်ရှိ လွှတ်တော်ထဲမှာ အမတ်နေရာအများဆုံးရထားတဲ့ ရေပန်းစားတဲ့ အတိုက်အခံ Move Forward ပါတီက လွှတ်တော်အမတ်တဦးဖြစ်ပြီး တော်ဝင်စော်ကားမှုဥပဒေကို ပြင်ဆင်ဖို့ အရင်အစီအစဉ်နဲ့ ပတ်သက်လို့ တရားရေး တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013