DVB Logo
Home
မြန်မာသတင်း
မီဇိုရမ်တွင် ပလက်ဝပညာရေးစင်တာ ဖွင့်လှစ်
DVB
·
May 26, 2024
မီဇိုရမ်တွင် ပလက်ဝပညာရေးစင်တာ ဖွင့်လှစ်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ကျောင်းသားတွေ ပညာသင်ကြားခွင့် မဆုံးရှုံးရေးအတွက် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်မှာ ပလက်ဝ ပညာရေးစင်တာကို မေ ၂၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ စင်တာ တာဝန်ရှိသူဆီက သိရပါတယ်။

အာရက္ခတပ်တော် အေအေနဲ့ စစ်ကောင်စီတို့ ပလက်ဝမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ကျောင်းသားကျောင်းသူတွေအတွက် နယ်စပ်မှာ ကျောင်းဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

အခုကျောင်းမှာ မူလတန်းကနေ အထက်တန်းအထိ ကျောင်းသားကျောင်းသူ ၃၀၀ ကျော်ကို ဆရာ၊ ဆရာမ ၂၅ ယောက်က သင်ကြားပေးနေတယ်လို့ သိရပါတယ်။

ပလက်ဝပညာရေးစင်တာ တာဝန်ရှိသူက “ငွေကြေးတတ်နိုင်လွန်းလို့ ကျောင်းဖွင့်ခြင်း မဟုတ်ပါဘူး။ အခက်ခဲကြားက ကျောင်းသားကျောင်းသူများ ကျောင်းမနေရမှာကို စိုးရိမ်ပြီး ကလေးတွေ အနာဂတ် ပညာရေးနဲ့ ထိတွေ့မှု မရှိတော့မှာကို စိုးရိမ်လို့ အခက်ခဲများကြားကနေပြီး ကျောင်းဖွင့်ပေးရခြင်းဖြစ်ပါတယ်။ မြို့နယ် ပညာရေးအဖွဲ့နဲ့ချိတ်ပြီး မဖြစ်မနေ ကျောင်းဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်။အစမှာတော့ ကျနော်တို့ အလယ်တန်းနဲ့ အထက်တန်းကျောင်းပဲ ဖွင့်ပေးလို့ စီစဉ်ထားတာပါ။ မိဘ ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် မူလတန်းကနေ အထက်တန်းကျောင်းအထိ ဖွင့်လှစ်ပေးလိုက်ရတယ်” လို့ ပြောပါတယ်။ 

ဧပြီလကတည်းက မူလတန်းကျောင်းဆောင် ၁ ခု၊ အလယ်တန်းကျောင်းဆောင် ၁ ခု၊ အထက်တန်းကျောင်းဆောင်၊ ကျောင်းသားတွေနေထိုင်ဖို့ အဆောင် ၁ ခု၊ ကျောင်းသူနေ ၁ ခု၊ ဆရာ ဆရာမနေအိမ် ၅ ခုကို ဝါးနဲ့ ဆောက်လုပ်ပြီး ကျောင်းသားကျောင်းသူတွေ နေထိုင်ဖို့အတွက် အိမ်တချို့ကိုလည်း ငှားရမ်းထားရတယ်လို့ ဆိုပါတယ်။

ပလက်ဝပညာရေးစင်တာကို အခုနှစ်မှ ကိုယ်ထူကိုယ်ထဖွင့်လှစ်ကြတာဖြစ်တဲ့အတွက် ကျောင်းသုံး သင်ထောက်ကူ၊ စာရေးကိရိယာနဲ့ ငွေကြေးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013