DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် ၂ လအတွင်း စစ်မှုထမ်းရန် အမျိုးသား အယောက် ၃၀၀ ကျော် အဖမ်းခံရ
DVB
·
May 25, 2024
ကန့်ဘလူတွင် ၂ လအတွင်း စစ်မှုထမ်းရန် အမျိုးသား အယောက် ၃၀၀ ကျော် အဖမ်းခံရ
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ဧပြီနဲ့ မေလအတွင်း အမျိုးသား ၃၀၀ ကျော် အဖမ်းခံခဲ့ရတယ်လို့ ကန့်ဘလူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကန့်ဘလူမြို့ပေါ် ရပ်ကွက်တွေနဲ့ ပျူစောထီးစိုးမိုးတဲ့ ကျေးရွာတွေမှာ ပျူစောထီးသင်တန်း တက်ဖို့နဲ့ စစ်သင်တန်းတတ်ရောက်ရန် အမျိုးသားတွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

အသက် ၁၈ နှစ်နဲ့ ၃၀ ကြား အရွယ်တွေ အများဆုံးအဖမ်းခံနေရပြီး သူတို့ကို ကန့်ဘလူ ၆၀၀၆ တပ်ရင်း၊ ရွှေဘိုအမှတ်-၈ လေ့ကျင့်ရေးတပ်၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့မှာ စစ်သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။

ကန့်ဘလူအခြေစိုက် Infinity Group မှ ကိုအနန္တက “အရင်ကပျူစောထီးအပြင် အခုစစ်မှုထမ်းအတွက်ပါ ခေါ်နေတာပါဗျ။ အရင်က ပျူရော ကာကွယ်ရေးအဖွဲ့တွေရော မစိုးမိုးသေးတဲ့ ကြားနေရွာတွေကအစ အကုန်ပါတယ်ဗျ၊ မလိုက်မနေရစနစ်နဲ့ကိုခေါ်နေတာ။ အခု ကျနော်တို့ သိရသလောက်ဆိုရင် အတိအကျတော့ မဟုတ်ဘူးပေါ့နော် ခန့်မှန်း ၃၀၀ ကျော်မယ်ဗျ။ ထပ်ခေါ်တာတွေမပါဘူးပေါ့နော်” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ လူငယ်တွေကို ခရီးသွားခွင့် အထူးကန့်သတ်ထားပြီး ထောက်ခံစာပါရင်တောင် ခရီးပေးမထွက်တာမျိုးတွေ လုပ်တယ်လို့ ကန့်ဘလူမြို့ခံတဦးက ပြောပါတယ်။

“မြို့ပေါ်အခြေအနေကတော့ ဂယက်ထနေတာပေါ့နော်။ ဘယ်အချိန် ငါ့အခေါ်ခံရမလဲဆိုတဲ့စိတ်နဲ့ လူငယ်တွေ နေနေကြရတယ်။ အသွားအလာကအစ ကန့်သတ်ထားတော့ တခြားမြို့တွေနဲ့စာရင် ကန့်ဘလူက အဆိုးရွားဆုံးလို့ ပြောလို့ရမယ်ဗျ။ အသွားအလာ ကန့်သတ်တယ်ဆိုတာက ကျန်းမာရေးကိစ္စ မဟုတ်ရင် ခရီးအထွက်မခံတာမျိုးပေါ့။ ဂိတ်မှာတင် လူငယ်ဆို ပြန်ဆွဲချတာမျိုးထိ လုပ်လာတာဗျ။” 

ကန့်ဘလူမြို့နယ်မှာ စစ်သင်တန်းတက်ရောက်ဖို့အတွက် စားဝတ်နေရေးအဆင်မပြေတဲ့ လက်လုပ်လက်စားမိသားစုက လူငယ်တွေကို အဓိကပစ်မှတ်ထားပြီး ခေါ်နေတယ်လို့ ဆိုပါတယ်။

Photo -ကန့်ဘလူက အခြေခံစစ်ပညာသင်တန်းဆင်းပွဲ လော်ဘီတယ်လီဂရမ်ချန်နယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013