DVB Logo
Home
နိုင်ငံတကာ
စပိန်၊ ဘာလီယားရစ်ခ်ကျွန်းစု၌ အဆောက်အဦ ပြိုကျပြီး လူ ၄ ဦး သေဆုံး
DVB
·
May 25, 2024
စပိန်၊ ဘာလီယားရစ်ခ်ကျွန်းစု၌ အဆောက်အဦ ပြိုကျပြီး လူ ၄ ဦး သေဆုံး
Donate to DVB

စပိန်နိုင်ငံ ဘာလီယားရစ်ခ်ကျွန်းစုရှိ ခရီးသွားလုပ်ငန်း အထွတ်အထိပ်နေရာတခုဖြစ်တဲ့ ပါးလ်မား ဒီမာလ်ယော့ကာကမ်းခြေမှာ မေလ ၂၃ ရက်က နှစ်ထပ် စားသောက်ဆိုင် အဆောက်အဦ တလုံး ပြိုကျခဲ့လို့ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိသွားတယ်လို့ စပိန်အမျိုးသားရဲတပ်ဖွဲ့က ပြောပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ အဲဒီအနီးနားမှာ အလုပ်လုပ်နေတုန်း အိမ်ခေါင်မိုး ပြုတ်ကျလာပြီး အသံအကျယ်ကြီး ကြားခဲ့ရကြောင်း သိရပါတယ်။

မီးသတ်သမားတွေကတော့ ဒီပြိုကျမှုဟာ ဝရန်တာပေါ်မှာ အလေးချိန် အလွန်အကျွံ ရှိနေတာကြောင့် ဖြစ်နိုင်ကြောင်း ပြောကြပါတယ်။

ဂျာမန်ခရီးသွား ၂ ဦး၊ စပိန်စားပွဲထိုး ၁ ဦးနဲ့ ဆီနီဂေါနိုင်ငံသား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း မြို့တော်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ပါးလ်မား ဒီမာလ်ယော့ကာရှိ ဂျာမန်ကောင်စစ်ဝန်ရုံးဟာ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်မှုရှိကြောင်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

လူ ၇ ဦးဟာ အလွန်ဆိုးဆိုးရွားရွား ဒဏ်ရာပြင်းထန်ပြီး ၉ ဦးက ဒဏ်ရာအပြင်းအထန် ရထားကြောင်း အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက ပြောကြားပြီး သူတို့တွေကို ပါလ်မာမြို့က ဆေးရုံအသီးသီးကို ပို့ဆောင်ပေးထားပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အပြီးသတ်ကာ ဧရိယာလုံခြုံရေးကို လုပ်ဆောင်နေကြောင်း ဒေသခံရဲတွေရဲ့ ပြောရေးဆိုခွင့်ရှိသူက RNE ရေဒီယိုကို ဒေသစံတော်ချိန် ညသန်းခေါင်လောက်မှာ ပြောကြားခဲ့ပါတယ်။ 

မီးသတ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာကို မြန်မြန်ဆန်ဆန် ရောက်ရှိလာကြပြီး စိတ်ပညာရှင်တချို့ကိုလည်း ခေါ်ယူခဲ့ကြောင်း အရေးပေါ်ကူညီရေး အဖွဲ့တွေက ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် ပေဒရိုဆန်းချက်စ်ကလည်း "ပါလ်မာကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ပြိုကျမှုရဲ့ အကျိုးဆက်တွေကို အနီးကပ် လိုက်ကြည့်နေပြီး  အစိုးရအနေနဲ့ လိုအပ်တဲ့ တပ်ဖွဲ့ဝင်အင်အားတွေ၊ တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ ကူညီဖို့ အသင့်ပဲ လို့ သူ့ရဲ့ X လူမှုမီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။

မြေထဲပင်လယ်ကျွန်းဟာ နွေရာသီ ခရီးသွားရာသီမှာ သန်းနဲ့ချီတဲ့ ဧည့်သည်တွေ လာရောက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေချိန်လည်း ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013