DVB Logo
Home
နိုင်ငံတကာ
ရုရှား ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ရေး ကူညီရန် ယူကရိန်းသမ္မတ တွန်းအားပေး
DVB
·
May 22, 2024
ရုရှား ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနိုင်ရေး ကူညီရန် ယူကရိန်းသမ္မတ တွန်းအားပေး
Donate to DVB

ယူကရိန်းနိုင်ငံဆီ ဦးတည်ပစ်ခတ်နေတဲ့ ရုရှားဒုံးကျည်တွေကို ကြားဖြတ်ဟန့်တား ကူညီခြင်းအားဖြင့် ရုရှားနဲ့စစ်ပွဲမှာ တိုက်ရိုက်ပါဝင်လာအောင် လုပ်ဖော်ကိုင်ဖက်တွေကို တွန်းအားပေးနေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၂၀ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

တချို့အခြေအနေတွေမှာ ယူကရိန်းပိုင်နက်အတွင်း ရုရှားဒုံးကျည်တွေကို ပစ်ချတာ အပါအဝင် မဟာမိတ်တွေက တိုက်ရိုက်ကူညီနိုင်တဲ့ နည်းလမ်းတွေကို ဇလန်းစကီးက အကြံပြုခဲ့ပါတယ်။

ယူကရိန်းပိုင်နက်ထဲမှာ ရုရှားတွေက လေယာဉ်အစင်း ၃၀၀ သုံးနေတယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

ဇလန်းစကီးက “ကောင်းကင်ယံမှာ ခုခံဖို့ အနည်းဆုံး လေယာဉ်အစင်းရေ ၁၂၀၊ ၁၃၀ လိုအပ်ပြီး အမေရိကန်က ဒီဇိုင်းထုတ်ထားတဲ့ F-16 တိုက်လေယာဉ်တချို့ကို တိုက်ခိုက်ရေးမှာ မကြာမီ သုံးနိုင်ဖို့ မျှော်လင့်ထားတယ်” လို့ ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ နယ်စပ်ကိုဖြတ်ကျော်ရင်း ခါခိဗ်မြို့ဆီ ကျူးကျော်ဝင်ရောက်ပြီးတဲ့နောက် နိုင်ငံအရှေ့မြောက်ဘက်က စစ်မြေပြင်အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံထဲမှာ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံးမှာ အမေရိကန်ပြည်ထောင်စုက ဆက်ပြီး သက်သေပြနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က မေ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

ICC အစိုးရရှေ့နေတဦးက အစ္စရေးအရာရှိတွေအတွက် ဖမ်းဝရမ်းတောင်းတာကို အမေရိကန် အစိုးရက ရှုတ်ချပြီးတဲ့နောက် အော်စတင်က ခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013