
အမေရိကန်က အီရန်မြို့တွေကို ၂ ညဆက်တိုက် ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတွေက အမေရိကန်တပ်ဖွဲ့တွေကို အီရန်က တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အီရန်အစိုးရက ပင်လယ်ကွေ့ထဲက အမေရိကန်စခန်းတွေကို အသစ် တကျော့ပြန် တိုက်ခိုက်နေချိန်မှာ ဒုံးကျည်တွေ အများကြီး ပစ်လွှတ်နေတဲ့ ရုပ်သံကို အီရန်မီဒီယာ IRIB က ဇူလိုင် ၈ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံတို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ပစ်မှတ်ထားခဲ့ပြီး စစ်ဆင်ရေးမှာ ဝင်စွက်ဖက်ဖို့ ကြိုးစားတဲ့ အမေရိကန်ရဲ့ MQ-9 ဒရုန်းတစင်းကို ပစ်ချခဲ့တယ်လို့ ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။
ဘွတ်ရှ်ဟာ၊ ချာဘာဟာ၊ ဘန်ဒါအာဘတ်စ်၊ စီရစ်ခ်၊ ဂျက်စ်ခ်နဲ့ အဘူမူဆာကျွန်း အပါအဝင် ဟော်မုဇ် ရေလက်ကြားတလျှောက်က အီရန်မြို့တွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ သတင်းတွေ ထွက်နေပါတယ်။ အီရန်ရှားမြို့မှာ လူတယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်ခိုက်မှုတွေဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သွားလာနေတဲ့ သင်္ဘောတွေအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုတွေအတွက် “လက်စားချေတာလို့ ပြောခဲ့ပါတယ်။
တိုက်ခိုက်မှုတွေအပြီးမှာ အီရန်နဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ယာယီသဘောတူညီချက်က "ပြီးဆုံးသွားပြီ" လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်စေတဲ့ ရန်လိုမှုတွေ တိုးလာချိန်မှာ အီရန်က ဟော်မုဇ် ရေလက်ကြားမှာရှိတဲ့ ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်ခဲ့ပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ်ဖွဲ့တွေက အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ပြီးတဲ့နောက် အမေရိကန်စစ်စခန်းတွေကို အီရန်က တုံ့ပြန် ပစ်မှတ်ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










