DVB Logo
Home
အားကစား
အင်္ဂလန်လူစာရင်းမှချန်လှပ်ခံရသော်လည်း အသင်းအောင်မြင်ပါစေကြောင်း ရက်ရှ်ဖို့ဒ် ဆန္ဒပြု
DVB
·
May 22, 2024
အင်္ဂလန်လူစာရင်းမှချန်လှပ်ခံရသော်လည်း အသင်းအောင်မြင်ပါစေကြောင်း ရက်ရှ်ဖို့ဒ် ဆန္ဒပြု
Donate to DVB

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းလူစာရင်းကနေချန်လှပ်ခံခဲ့ရပေမဲ့ အသင်းနည်းပြနဲ့ ကစားသမားတွေအောင်မြင်မှုရရှိပါစေကြောင်း ဆန္ဒပြုခဲ့ပါတယ်။

နည်းပြဆောက်ဂိတ်ဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင် ပဏာမကစားသမား ၃၃ ဦးစာရင်းကို ထုတ်ပြန်ရာမှာ ရက်ရှ်ဖို့ဒ်ကိုချန်လှပ်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကတော့ နည်းပြဆောက်ဂိတ်နဲ့ အသင်းသားတွေ အနေနဲ့ လာမယ့်ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ပြီး အောင်မြင်မှုရရှိပါစေလို့ ဆိုရှယ်မီဒီယာကနေ တဆင့် ဆုတောင်းပေးခဲ့တာပါ။

နည်းပြဆောက်ဂိတ်ကတော့ ရက်ရှ်ဖို့ဒ်ရဲ့နေရာမှာ ပိုကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားတွေရှိတာကြောင့် ချန်လှပ်ခဲ့တာဖြစ်ကြောင်း ဖြေရှင်း သွားပါတယ်။ ပရိသတ်အများစုကလည်း မန်ယူအသင်းမှာခြေစွမ်းညံ့ဖျင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ချန်လှပ်ခံခဲ့ရတာဟာ မှန်ကန်ကြောင်း သုံးသပ်ခဲ့ပြီး နည်းပြဆောက်ဂိတ်ကို ချီးကျူးခဲ့ကြပါတယ်။ 

အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ မိခင်ကလပ်အသင်းမှာ ပွဲထွက်ခွင့်မရခဲ့တဲ့ ကစားသမား ၁၅ ဦးအထိ ပါဝင်တာဖြစ်ပါတယ်။

မန်ယူနောက်ခံလူ လုခ်ရှောက ဒဏ်ရာကြောင့် ပွဲကစားခွင့်မရတာ ၃ လကျော်ကြာမြင့်နေပြီး မန်စီးတီးက ဂရေးလစ်ရှ်နဲ့ ဂျွန်စတုန်းစ်တို့ဟာလည်း ပွဲထွက်ခွင့် ပျောက်ဆုံးနေကြတဲ့သူတွေပါ။

ဒါ့အပြင် အာဆင်နယ် ဂိုးသမား အာရွန်ရမ်စ်ဒေးနဲ့ ဘန်လေဂိုးသမားထရတ်ဖ်ဖို့ဒ်တို့ဟာလည်း ပွဲထွက်ခွင့်မရခဲ့ကြတဲ့သူတွေပါ။ 

လီဗာပူးလ်က ကာတစ်ဂျုံးစ်၊ ဂျိုးဂိုမက်ဇ်၊ ဘရိုက်တန်က ဒမ့်၊ နယူးကာဆယ်က ထရစ်ပီယာနဲ့ ဂေါ်ဒွန်၊တို့အပါအဝင် ဟယ်ရီကိန်း၊ ဆာကာ၊ ဘယ်လင်ဂမ်နဲ့ ဂျရတ်ဘိုဝင်တို့ဟာလည်း အကြောင်း အမျိုးမျိုးကြောင့် မိခင်ကလပ်အသင်းတွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိတဲ့သူတွေ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013