DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ကျားနှင့်ခြင်္သေ့ တရားမဝင်မွေးမြူသည့်အိမ်ရှင် အရေးယူခံရ 
DVB
·
May 20, 2024
ထိုင်းတွင် ကျားနှင့်ခြင်္သေ့ တရားမဝင်မွေးမြူသည့်အိမ်ရှင် အရေးယူခံရ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောင်းခရိုင်၊ ဘန်ပကုံးမြို့မှာ ပြီးခဲ့တဲ့အပတ်က ကျားပေါက်လေး တကောင် လွတ်ထွက်လာရာကစပြီး အိမ်ရှင်မှာ တရားမဝင် ကျားနဲ့ ခြင်္သေ့မွေးမြူကြောင်း စစ်ဆေးသိရတာကြောင့် သက်ဆိုင်ရာက သားရဲတိရစ္ဆာန်ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အရေးယူလိုက်ပါတယ်။

မေလ ၁၅ ရက်နေ့ညက  ဆိုင်ကယ်စီးတဦးဟာ အပြင်ကနေ အိမ်ပြန်လာစဉ် လမ်းထဲမှာ ခွေးလိုလို ကြောင်ကြီးလိုလို အကောင်တစ်ကောင်ကို တွေ့လိုက်ပါတယ်။  အဲဒီအကောင်နဲ့ကစားဖို့ ဆိုင်ကယ်ရပ်ပြီး ဆင်းကြည့်ရာမှာ ကျားပေါက်လေးကောင် ဖြစ်နေတာကြောင့်  ပတ်ဝန်းကျင်ကို အန္တရာယ်ပြုမှာစိုးလို့ ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ 

တာဝန်ရှိသူတွေ ရောက်လာတော့ ကျားကလေးဟာ လူနဲ့အလွန်ရင်းနှီးဟန်ပြုပြီး တာဝန်ရှိသူတွေရဲ့ ခြေထောက်ကို လိုက်ဖက်ကာ ပါးစပ်နဲ့ကိုက်ကစားလို့နေပါတယ်၊ တာဝန်ရှိသူတွေက အဆိုပါကျားကို ဖမ်းဆီးပြီး ရဲစခန်းမှာ ထိန်းသိမ်းထားလိုက်ပါတယ်။

ရပ်ကွက်ထဲမှာ ကျားပေါက်တကောင် တွေ့ရှိကြောင်း သတင်းတွေ ထွက်ပေါ်တော့ ပိုင်ရှင်ဖြစ်သူက  ရဲစခန်းကို လိုက်လာပြီး အဆိုပါသတ္တဝါမှာ ကျားမဟုတ်ဘဲ ကျားနဲ့ ခြင်္သေ့ မျိုးစပ်ထားတဲ့ Liger သာဖြစ်တယ်။ အဲဒီအကောင်ကို ဟောလီးဝုဒ်ရုပ်ရှင်ရိုက်ဖို့ မွေးမြူထားခြင်း ဖြစ်တယ်။ အစင်းကျားတွေကတော့ အစစ်မဟုတ်ဘဲ ရုပ်ရှင်ထဲမှာ ကျားနဲ့တူအောင် ဆေးရောင်ခြယ်ထားခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့  သားရဲတိရစ္ဆာန်ကာကွယ်ရေးဥပဒေအရ သမန်းကျားကို မွေးမြူခွင့်မရှိ၊ ခြင်္သေ့ကို တရားဝင်ခွင့်ပြုချက်နဲ့ မွေးခွင့်ရှိတယ်။ မျိုးစပ်သတ္တဝါဆိုရင်တော့ ဥပဒေနဲ့ မငြိစွန်းဘူးလို့ ဆိုပါတယ်။

ပိုင်ရှင်က အဆိုပါအကောင်ကို တရားဝင်မွေးကြောင်း ထောက်ခံစာနဲ့ အိမ်ပြန်ခေါ်သွားတယ်၊ ပိုင်ရှင်ပြန်သွားပြီး ရဲစခန်းက ထောက်ခံစာကို သေချာပြန်စစ်ရာမှာ မသင်္ကာဖွယ်ရာ တွေ့တယ်၊ ဒါကြောင့် အဲဒီအကောင်ကို ပြန်ခေါ်လာဖို့ အကြောင်းကြားလိုက်ပါတယ်။ 

ပိုင်ရှင်က အကောင်ကိုလာပို့တော့ ခြင်္သေ့ပေါက်လေးတကောင် ဖြစ်နေတယ်။ ပိုင်ရှင်ကတော့ ဟိုနေ့က အကောင်ပါဘဲ၊ ခြယ်ထားတဲ့ဆေးရောင်တွေ ပြန်ဖျက်လိုက်တာပါလို့ ပြောပါတယ်။

ဒါပေမဲ့ အရွယ်အစားလည်းမတူ၊ ပုံစံလည်း မတူတာကြောင့် ပိုင်ရှင်ကို အမှန်အတိုင်း ထွက်ဆိုခိုင်းတယ်၊ နောက်တော့ ပထမဆုံးတွေ့တဲ့အကောင်ဟာ အမှန်တကယ်ပဲ သမန်းကျားပေါက်လေး ဖြစ်နေတာပါ။

တာဝန်ရှိသူတွေက အဆိုပါကျားပေါက်လေးကို ဆုဖန်းပူးရီးခရိုင်ရှိ တောတွင်းတိရစ္ဆာန် စောင့်ရှောက်ရေး‌ဂေဟာသို့ ပို့ဆောင်လိုက်ပြီး ပိုင်ရှင်ကိုတော့ ဥပဒေမှ တားမြစ်ထားသော သားရဲတိရစ္ဆာန်မွေးမြူမှု၊ ခွင့်ပြုချက်မရဘဲ သားရဲတိရစ္ဆာန်မွေးမြူမှု၊ ခွင့်ပြုချက်မရဘဲ သားရဲတိရစ္ဆာန် ရွှေ့ပြောင်းသယ်ယူမှု စတဲ့ ပုဒ်မတွေနဲ့ အရေးယူသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

Source: Ch3 plus/ ThaiPBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013