DVB Logo
Home
နိုင်ငံတကာ
အမေဇုန်သူဌေးပိုင် Blue Origin ကုမ္ပဏီ၏ အခပေး အာကာသခရီးသွားယာဉ် လွှတ်တင်
DVB
·
May 20, 2024
အမေဇုန်သူဌေးပိုင် Blue Origin ကုမ္ပဏီ၏ အခပေး အာကာသခရီးသွားယာဉ် လွှတ်တင်
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တဦးဖြစ်တဲ့ Amazon ကုမ္ပဏီ  တည်ထောင်သူ ဂျက်ဖ်ဘီးဇော့စ်ပိုင် အာကာသကုမ္ပဏီ Blue Origin ရဲ့ လူ ၆ ဦးပါ အာကာသ အခပေးခရီးသွားယာဉ်ကို မေ ၁၉ ရက်က အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်နောက်ပိုင်းရပ်နားထားတဲ့ New Shepard ရော့ကတ်ဟာ  ကမ္ဘာပတ်လမ်းကြောင်းထဲအထိ ပျံသန်းလိုက်ပါနိုင်တဲ့ အခပေး အာကာသခရီးသွားလုပ်ငန်းတခု ဖြစ်ပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေက အမေရိကန်ရဲ့ ပထမဆုံး လူမည်းအာကာသယာဉ်မှူးလောင်းအဖြစ် ဆန်ခါတင်ရွေးခံခဲ့ရဖူးတဲ့ အက်ဒ်ဒွိုက်ဆိုသူပါ ခရီးစဉ်မှာ လိုက်ပါသွားခဲ့ပါတယ်။

အသက် ၉၀ နှစ်နဲ့ ၈ လရှိပြီဖြစ်တဲ့ အက်ဒွိုက်ဟာ အာကာသထဲကို ရောက်ရှိတဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒွိုက်ဟာ ၁၉၆၁ ခုနှစ်က သမ္မတဂျွန်အက်ဖ်ကနေဒီလက်ထက်က ပထမဆုံး လူမည်းအာကာသယာဉ်မှူးလောင်းအဖြစ် ဆန်ခါတင်ရွေးခံခဲ့ရသူဖြစ်ပေမဲ့ တခါမှ အာကာသထဲ လိုက်ပါခွင့်မရခဲ့သူ ဖြစ်ပါတယ်။

လိုက်ပါသူ ၆ ဦးမှာ  ဒွိုက်အတွက်ကိုတော့ အာကာသအခြေပြု NGO အဖွဲ့တခုနဲ့ ဖောင်ဒေးရှင်းတခုက အကုန်အကျခံတာဖြစ်ပြီး ကျန် ၅ ဦးကိုတော့ ကုမ္ပဏီက ဘယ်လောက်ကောက်ခံတယ်ဆိုတာ မထုတ်ပြန်ပါဘူး။ အာကာသခရီးသွားတွေဟာ ဒုံးပျံရဲ့ထိပ်မှာ တပ်ဆင်ထားတဲ့ ထိပ်ဖူးယာဉ်နဲ့လိုက်ပါရတာ ဖြစ်ပါတယ်။

ကမ္ဘာ့လေထု နယ်ခြားကို ကျော်လွန်ပြီး အမြင့် ၆၅ ဒသမ ၇ မိုင်အထိ တက်သွားပြီးမှ ထိပ်ဖူးက ကမ္ဘာမြေပေါ်ပြန်ဆင်းတာ ဖြစ်ပါတယ်။  ခရီးစဉ်ဟာ ၁၀ မိနစ်ဝန်းကျင်သာ ကြာမြင့်ပါတယ်။ အဆင်းမှာ လေထီးသုံးခုက နှစ်ခုပဲ ပွင့်တဲ့ ချို့ယွင်းချက် ရှိခဲ့ပါတယ်။ 

Blue Origin ကုမ္ပဏီဟာ အာကာသခရီးသွား ၃၇ ဦးအထိ အာကာသထဲ ပို့ဆောင်ပြီး ဖြစ်ပါတယ်။ ၂၀၂၂ စက်တင်ဘာမှာ လွှတ်တင်တဲ့ လူမပါတဲ့ ခရီးစဉ်မှာ ချွတ်ယွင်းမှုဖြစ်ပြီးကတည်းက ပျံသန်းမှုတွေ ရပ်နားထားတာ ဖြစ်ပါတယ်။

Source/Photo - Blue Origin/Handout via REUTERS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013