DVB Logo
Home
နိုင်ငံတကာ
ပိုးသတ်ဆေး ပါဝင်မှုသတင်းကြောင့် အိန္ဒိယဟင်းခတ်အမွှေးအကြိုင် ပြည်ပ တင်ပို့မှုကျဆင်း 
DVB
·
May 19, 2024
ပိုးသတ်ဆေး ပါဝင်မှုသတင်းကြောင့် အိန္ဒိယဟင်းခတ်အမွှေးအကြိုင် ပြည်ပ တင်ပို့မှုကျဆင်း 
Donate to DVB

အိန္ဒိယနာမည်ကြီး ဟင်းခတ်အမွှေးအကြိုင်ကုန်အမှတ်တံဆိပ် ၂ ခုမှာ ပိုးသတ်ဆေးသုံးတာနဲ့ ပတ်သက်ပြီးစွပ်စွဲခံ ရပြီးတဲ့နောက် အိန္ဒိယရဲ့ ဟင်းခတ်အမွှေးအကြိုင် တင်ပို့မှု ၄၀ ရာခိုင်နှုန်းကျဆင်းနိုင်တယ်လို့ မေလ ၁၇ ရက်မှာ အိန္ဒိယဟင်းခတ်အမွှေးအကြိုင် ရောင်းဝယ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

နာမည်ကျော် အိန္ဒိယဟင်းခတ်အမွှေးအကြိုင် အမှတ်တံဆိပ်တွေဖြစ်တဲ့ MDH နဲ့ Everest တို့ကို နိုင်ငံတကာက စိစစ်နေချိန်မှာ ဝယ်ယူသူတွေက ပို့ကုန် အမှာစာတချို့ကို ခဏဆိုင်းငံ့ထားပြီလို့ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင် လုပ်ငန်းရှင်များအဖွဲ့ချုပ် (FISS) က ပြောပါတယ်။

ဟောင်ကောင်မှာ ပြီးခဲ့တဲ့လက MDH က ထုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင်သုံးမျိုးနဲ့ Everest က ထုတ်တဲ့ ဟင်းခတ်အမွှေးအကြိုင် တမျိုးမှာ ကာလကြာရှည်စွာ ထိတွေ့မိရင် ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ပိုးသတ်ဆေး အီသလင်းအောက်ဆိုဒ် ဒါမှမဟုတ် ETO ပါနေတာကို တွေ့ခဲ့အပြီး တင်သွင်းမှုကို  ရပ်ဆိုင်းခဲ့ ပါတယ်။ 

ETO ကို အဏုဇီဝပိုးမွှားတွေအတွက် ပိုးသတ်ဆေးအဖြစ်သုံးနိုင်ပါတယ်။ နိုင်ငံတချို့မှာ ဟင်းခတ် အမွှေးအကြိုင်တွေအတွင်း ETO နည်းနည်း ပါတာကို ခွင့်ပြုထားပေမဲ့ နိုင်ငံ အများအပြားက လုံးဝတားမြစ်ထားပါတယ်။

အိန္ဒိယနိုင်ငံကနေ တင်သွင်းလာတဲ့ ဟင်းခတ်အမွှေးအကြိုင်အားလုံးအတွက် ဗြိတိန်ရဲ့ အစား အသောက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထပ်ဆောင်း စစ်ဆေးခဲ့ပါတယ်။

အမေရိကန်၊ နယူးဇီလန်နဲ့ သြစတြေးလျတို့က ဒီကိစ္စကို စောင့်ကြည့်နေပါတယ်။ ကုမ္ပဏီနှစ်ခုစလုံးက သူတို့ရဲ့ ထုတ်ကုန်တွေဟာ အိန္ဒိယမှာ အလွန်ရေပန်းစားပြီး ကမ္ဘာနဲ့တဝန်း တင်ပို့ရောင်းချနေပြီး စားသုံးဖို့ ဘေးကင်းတယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ဟင်းခတ်အမွှေးအကြိုင် တင်ပို့သူ၊ စားသုံးသူနဲ့ ထုတ်လုပ်သူဖြစ်ပြီး ဟင်းခတ် အမွှေးအကြိုင်တင်ပို့မှုကနေ တနှစ်မှာ အမေရိ ကန်ဒေါ်လာ ၄ ဘီလီယံအထိ ရရှိနေပါတယ်။

Source/Photo - REUTERS/Adnan Abidi

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013