DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်း ရေရှားပါးသည့်ကျေးရွာ ပိုမိုများပြားလာ
DVB
·
May 18, 2024
ဧရာဝတီတိုင်းအတွင်း ရေရှားပါးသည့်ကျေးရွာ ပိုမိုများပြားလာ
Donate to DVB

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အခုနှစ် နွေရာသီကာလ ရေရှားပါတဲ့ ကျေးရွာအရေအတွက် အရင်နှစ်ထက် ပိုမိုများပြားလာတယ်လို့  သောက်သုံးရေကူညီလှူဒါန်း ပေးနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေထံက  သိရပါတယ်။

ဧရာဝတီတိုင်းက ၊ ပုသိမ် ၊ ကြံခင်း ၊ ဓနုဖြူ ၊ ကျိုက်လတ် ၊ ကန်ကြီးထောင့် ၊ မော်လမြိုင်ကျွန်း ၊ ငပုတော ၊ သာပါင်း ၊ လပွတ္တာ စတဲ့ မြို့နယ်တွေရှိ  ကျေးရွာတွေမှာ အဓိက သောက်သုံးရေ ရှားပါး ပြတ်လပ်မှုဖြစ်နေတာပါ။

ဧရာဝတီတိုင်း အခြေပြု ပရဟိတအဖွဲ့ဝင် တဦးက “ဒီနှစ်က ခါတိုင်းနဲ့ မတူဘူး။ ရာသီဥတုက ပိုပူလာတော့ ရေတွင်း၊ ရေကန်တွေ ခမ်းတာ အချိန်စောတယ်။ ရေမရှားဘူးတဲ့ ရွာတွေပါ သောက်သုံးရေ ပြတ်လပ်ကုန်တာမျိုး ရှိတယ်။ မနှစ်ကဆို ရေလှူရတာရွာ ၇၀ လောက်ရှိတာ ဒီနှစ်ဆို ရွာ အရေအတွက် ၃၀၀ လောက်အထိ တိုးလာတယ်။ ရေလှူတဲ့ ဘောက်ဆာကားကြီး တွေဆို တရက်မှ မနားရဘူး။ နေ့တိုင်း ထွက်ပြီး လှူပေးနေရတယ်”လို့  ပြောပါတယ်။

ဧရာဝတီတိုင်းက မြို့နယ် အများစုတွင် မြေသားရေကန်ကြီးတွေမှာ မိုးတွင်းကာလတွင် ရရှိတဲ့ မိုးရေကိုစုဆောင်းထားလေ့ရှိပြီး တောတောင်တွေကထွက်တဲ့  စိမ့်စမ်း ရေကို သောက်သုံးရေအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။

အခုနှစ်တွင် ရာသီဥတု ပိုမိုပူပြင်းလာတာနဲ့ သစ်တော ပြုန်းတီးတာတွေကြောင့် မိုးရေခံရေကန်တွ စောလျင်စွာ ခန်းခြောက်ခဲ့ပြီး စိမ့်စမ်းတွေလည်း ရေမထွက်တော့လို့ သောက်ရေ ပြတ်လပ်တဲ့ဒုက္ခ ဒေသခံတွေကြုံတွေ့ နေကြပါတယ်။

ကြံခင်းမြို့ခံ တဦးက “ကြံခင်းမှာက ရေတွင်း ရေကန်တွေ ခန်းကုန်တော့ မြို့ပေါ်ရပ်ကွက်အစွန်က အိမ်တွေဆို သောက်ရေရော သုံးရေပါ အခက်အခဲ ဖြစ်ကြတယ်။ လူသောက်ဖို့တင်မဟုတ်ဘူး ကျွဲနွားတိရစ္ဆာန် ရေတိုက်ဖို့ အခက်အခဲတွေ ဖြစ်ကြတာပေါ့။ ရေပြတ်လပ်တဲ့နေရာတွေဆို အဓိက ရေလာလှူပေးတဲ့ အလှူရှင်တွေကိုပဲ မှီခိုနေရတဲ့အခြေအနေတွေရှိတယ်”လို့ ပြောပါတယ်။

အဆိုပါ သောက်သုံးပြတ်လပ်မှု ကြုံတွေ့ရလို့  မေလ ၁၆ ရက်အထိ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ကူညီ လှူဒါန်းပေးနေတဲ့ သောက်သုံးရေကိုသာ အဓိကအား ထားအသုံးပြုနေရ ကြောင်း သိရပါတယ်။

ကျိုက်လတ်မြို့ခံ ပရဟိတအဖွဲ့ဝင်  တဦးက“ကျမတို့ အဖွဲ့ဆိုရင် ရေသယ် ထော်လာဂျီ ၈ စီးနဲ့ တနေကုန် သယ်ပြီး လှူပေးနေတယ်။ အခုက ရေရှားတဲ့ရွာတွေ ပိုများလာတယ်။ အရင်ကဆို ရေလမ်းခရီးနဲ့ ရေလှူရတာသိပ်မရှိဘူး။ ဒီနှစ်ကကားလမ်း မပေါက်တဲ့ရွာတွေမှာ ရေတွေရှားလို့ မော်တော်တွေထဲကို ရေထည့်သယ်ပြီး လှူပေးနေရတယ်”လို့  ပြောပါတယ်။

ဧရာဝတီတိုင်းမှာ သောက်သုံးရေ လိုအပ်တဲ့ကျေးရွာတွေ ပိုမိုများပြားပေမဲ့ ရေလှူဒါန်းတဲ့ အလှူရှင် နည်းပါးနေလို့  ရေပြတ်လပ်နေတဲ့ ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့ရကြောင်းသိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ သောက်သုံးရေ ရှားပါးမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ ဝမ်းပျက် ဝမ်းလျှောတွေ ဖြစ်နေကြပါပါတယ်။

Photo MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013