DVB Logo
Home
နိုင်ငံတကာ
အီတလီက အသက် ၉၀ အရွယ် အပြေးဘုရင်မ
DVB
·
May 17, 2024
အီတလီက အသက် ၉၀ အရွယ် အပြေးဘုရင်မ
Donate to DVB

ဥရောပသမဂ္ဂမှာ အီတလီက အသက်အကြီးဆုံးနိုင်ငံဖြစ်ပြီး လူ ၄ ဦးမှာ တဦးက အသက် ၆၅ နှစ်ကျော်နေပါတယ်။ အဲဒီလိုနိုင်ငံမှာ ကမ္ဘာ့အမြန်ဆုံး အသက် ၉၀ တန်း  အမျိုးသမီးအပြေးသမား ရှိနေတာဟာ မထူးဆန်းလှဘူးလို့ ဆိုရမှာပါ။

အမ်မာ မာရီယာ မာဇန်ဂါဟာ မီတာ ၂၀၀ ကို ၅၁ ဒသမ ၄၇ စက္ကန့်နဲ့ပြေးပြီး အခုလထဲမှာ သူ့အသက်တန်းအတွက် နောက်ထပ်ကမ္ဘာ့စံချိန်သစ်တခု တင်ခဲ့ပါတယ်။

၁၉၃၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မာဇန်ဂါဟာ မာစတာတန်းလို့ ခေါ်ကြတဲ့ သက်ကြီးပိုင်း အပြေးသမားတွေထဲမှာ လက်ရှိ ကမ္ဘာ့စံချိန် ၅ ခု၊ ဥရောပစံချိန် ၉ ခု၊ အီတလီစံချိန် ၂၈ ခု တင်ထားပါတယ်။

သူ့ရဲ့ အသက် ၉၀ တန်းမှာ တိုက်ရိုက်ပြိုင်ဘက်ရယ်လို့ မရှိပေမဲ့ တခြားအသက်တမ်းက အပြေးဖော်တွေနဲ့ ပွဲပြီးတဲ့အခါ ဘီယာသောက် အောင်ပွဲခံရတာကိုလည်း သဘောကျသူ ဖြစ်ပါတယ်။

သက်ကြီးတန်း မာစတာ အပြေးသမားအဖြစ် အသက် ၅၃ နှစ်မှစခဲ့တာဖြစ်ပြီး အခုအချိန်အထိ ဆက်ပြေးနိုင်နေသေးတာ ဖြစ်ပါတယ်။

မာဇန်ဂါဟာ ဒီနှစ်ဇွန်မှာ ကျင်းပမယ့် အီတလီချန်ပီယံရှစ်နဲ့ နောင်နှစ် ဆွီဒင်မှာလုပ်မယ့် ကမ္ဘာ့ချန်ပီယံရှစ် အပြေးပွဲတွေအတွက် ပြင်ဆင်နေပါတယ်။

ဒါပေမဲ့ ဒီအသက်အရွယ်မှာ ရေရှည်စီမံချက်တွေတော့ မချဖို့ ဆုံးဖြတ်ထားတယ်လို့ အရွှန်းဖောက် ပြောသွားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013