DVB Logo
Home
နိုင်ငံတကာ
ရေဘေးကြောင့် အိုးအိမ်မဲ့ဖြစ်သူတိုင်း အိမ်ပိုင်ဆိုင်ခွင့်ရမည်ဟု ဘရာဇီးသမ္မတ ကတိပြု
DVB
·
May 16, 2024
ရေဘေးကြောင့် အိုးအိမ်မဲ့ဖြစ်သူတိုင်း အိမ်ပိုင်ဆိုင်ခွင့်ရမည်ဟု ဘရာဇီးသမ္မတ ကတိပြု
Donate to DVB

ဘရာဇီးသမ္မတ လူးဝစ်စ်အင်နာစီယို လူလာဒါဆေးလ်ဗားဟာ သမိုင်းဝင် ရေကြီးရေလျှံ‌ ဘေးဒဏ်သင့်နိုင်ငံရဲ့ တောင်ဘက်စွန်း ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ်ကို သွားရောက်ကာ ပြန်လည်ထူထောင်ရေး အစီအမံတွေကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖက်ဒရယ်အစိုးရဟာ ရေဘေးသင့်ပြည်သူတွေကို နေအိမ်အသစ်တွေ စီစဉ်ပေးမယ်လို့ မေ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။

သမ္မတလူလာက“လူတွေ နေရပ်ပြန်နိုင်ဖို့ နည်းလမ်းကို အာမခံပြီး ပြောချင်တာက အိုးမဲ့အိမ်မဲ့ ဖြစ်တဲ့သူတိုင်း အိမ်ပိုင်ဆိုင်ခွင့် ရလိမ့်မယ်”လို့ ရေကြီးမှုဒဏ်ခံ ဆောင်လီယိုပိုလ်ဒိုမြို့မှာ ပြောသွားတာပါ။

ဖက်ဒရယ်အစိုးရဟာ နေအိမ်တွေ သို့မဟုတ် ပိုင်ဆိုင်မှု ဥစ္စာပစ္စည်းတွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစု ၂၄၀,၀၀၀ လောက်ကို ဘရာဇီးငွေကြေး ရီယေ့စ် ၅,၁၀၀ စီ (ဒေါ်လာ ၁,၀၀၀ နီးပါး) ဝေမျှပေးသွားမှာဖြစ်ကြောင်း သမ္မတ လူလာက ပြောကြားခဲ့ပြီး ဒီမူဝါဒဟာ ၁ ဒသမ ၂ ဘီလီယံလောက် ကုန်ကျလိမ့်မယ်လို့ အစိုးရခန့်မှန်းချက်အရ သိရပါတယ်။

သူတို့ရဲ့ ရေနစ်မြုပ်နေတဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ရတဲ့ လူဦးရေ တသန်းခွဲလောက်ဟာ ရုန်းကန်နေရပါတယ်။

ရေဘေးဒုက္ခသည်တွေအတွက် ပုဂ္ဂလိကကဏ္ဍမှ နေအိမ်တွေဝယ်ယူဖို့ စီစဉ်နေချိန်မှာပဲ သူ့အစိုးရဟာ နိုင်ငံသူနိုင်ငံသားတွေအတွက် လူမှုရေးအကျိုးအမြတ်တွေ တချို့ကို ပေးချေသွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဘရာဇီးနိုင်ငံ တောင်ဘက်စွန်းပြည်နယ် မြို့တော်ဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်း ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

မြို့လယ်ဧရိယာတခုလုံး ရေအောက်ကိုရောက်ရှိနေတဲ့ ပေါ်တို အယ်လက်ဂရေးမြို့ရဲ့ ကုန်းတွင်းပိုင်းရှိ ဒါဇင်နဲ့ချီတဲ့ မြို့တွေဟာ ရေကြီးမှုကြောင့် ပျက်စီးခဲ့ရပါတယ်။ ပြည်နယ်တခုလုံးမှာ သေဆုံးသူ ၁၄၉ ဦးရှိပြီး ၁၀၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

လူနေအိမ်ခြေပေါင်း ၂ သိန်းခွဲနီးပါးဟာ လျှပ်စစ်မီး ပြတ်တောက်နေပြီး လူပေါင်း ၁၃၆,၀၀၀ လောက်ဟာ ရေသုံးစွဲခွင့် ဆုံးရှုံးခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013