DVB Logo
Home
နိုင်ငံတကာ
ပင့်ကူနှင့် ကင်းမြီးကောက်များ ခိုးထုတ်သည့် အမေရိကန်ပြတိုက်မှူး ဖမ်းဆီးခံရ
DVB
·
May 14, 2024
ပင့်ကူနှင့် ကင်းမြီးကောက်များ ခိုးထုတ်သည့် အမေရိကန်ပြတိုက်မှူး ဖမ်းဆီးခံရ
Donate to DVB

တူရကီရဲတပ်ဖွဲ့ဟာ နိုင်ငံတွင်းက အဖိုးတန် အဆိပ်ပြင်းပင့်ကူတွေနဲ့ ကင်းမြီးကောက်တွေကို ခိုးထုတ်ဖို့ ကြိုးစားတဲ့ သံသယရှိသူ အမျိုးသားတဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက မေ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီး အဲဒီသူဟာ နယူးယောက်ရှိ အမေရိကန် သဘာဝသမိုင်းပြတိုက်က ပြတိုက်မှူးဖြစ်နေကြောင်းလည်း ဖော်ထုတ် ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ မေ ၁၂ ရက်က သံသယရှိသူကို အစ္စတန်ဘူလ်လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ တရန်တူလာ အမွေးထူ ပင့်ကူကြီးမျိုးတွေ အပါအဝင် ကင်းမြီးကောက်နဲ့ ပင့်ကူအကောင်ရေ ၁,၅၀၀ လောက် ထည့်ထားတဲ့ အိတ်ဒါဇင်ပေါင်းများစွာ အပြင် ဒါဇင်နဲ့ချီတဲ့ ပလတ်စတစ်ပုလင်းတွေထဲမှာလည်း အမျိုးအမည် အတိအကျမသိရတဲ့ အရည်တွေ ထည့်ထားတာတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သံသယရှိသူဟာ တရားမဝင်ကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အမည်ဖော်ပြခြင်း မပြုဘူးလို့လည်း ဆိုပါတယ်။

နိုင်ငံပိုင် အနာဒိုလူ သတင်းဌာနက သံသယရှိသူဟာ သမိုင်းဝင် အမေရိကန်ပြတိုက်ရှိ ပြတိုက်မှူး လော်ရန်ဇို ပရန်ဒီနီ ဖြစ်တယ်လို့ ကြေညာခဲ့ပြီး သတင်းရင်းမြစ်ကိုတော့ မဖော်ပြခဲ့ပါဘူး။

အမေရိကန် သဘာဝသမိုင်းပြတိုက်ကို မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်းမရှိခဲ့ဘဲ ပရန်ဒီနီကိုလည်း ဆက်သွယ်လို့ မရပါဘူး။

ဖမ်းဆီးရရှိထားတဲ့ အကောင်နမူနာတွေဟာ တူရကီမှာပဲ ပေါက်ပွားရှင်သန်တဲ့ တိရစ္ဆာန်တွေ ဖြစ်ကြောင်းနဲ့ သူတို့ရဲ့ DNA ကို ကူးယူနိုင်ပြီးတော့ သူတို့ရဲ့အဆိပ်တွေကိုလည်း ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုဖို့အတွက် နို့ရည်ထုတ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီဆေးတွေဟာ ငွေကြေးတန်ဖိုး အလွန်မြင့်မားတယ်လို့ နားလည်ထားတာကြောင့် ဒီတိရစ္ဆာန်မျိုးစိတ်တွေကို နိုင်ငံရပ်ခြား သယ်ဆောင်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်လို့လည်း ဆိုပါတယ်။

ကင်းမြီးကောက်အဆိပ်က ရရှိတဲ့ ဆေးတလီတာရဲ့ စျေးကွက်တန်ဖိုးမှာ ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိကြောင်း သုတေသနပြုချက်အရ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013