DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် အိုက်စ်စိတ်ကြွမူးယစ်ဆေးဝါး တန်နှင့်ချီ စံချိန်တင်ဖမ်းမိ
DVB
·
May 14, 2024
ထိုင်းတွင် အိုက်စ်စိတ်ကြွမူးယစ်ဆေးဝါး တန်နှင့်ချီ စံချိန်တင်ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါင် ၂ သန်း တန်ကြေးရှိတဲ့ မက်သဖက်တမင်း အိုက်စ် စိတ်ကြွမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ဖမ်းမိခဲ့သမျှထဲ အကြီးဆုံး စံချိန်တင် ဖမ်းဆီးနိုင်ခဲ့တဲ့ ပမာဏဖြစ်တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်းပေးချက်အရ ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်နယွတ်ခ်ခရိုင်ထဲမှာ မေ ၁၂ ရက်က ပစ်ကပ်ထရပ် ကားတစင်းကို ရဲအရာရှိတွေက ရပ်တန့်စစ်ဆေးချိန်မှာ မူးယစ်ဆေးဝါး ပမာဏအများအပြားကို ခုလိုဖမ်းဆီးနိုင်ခဲ့တာလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်ထားတာပါ။

အမျိုးသားရဲချုပ် ကီသာရက်သ် ပန့်ချက်ချ်က အဆိုပါကားပေါ်မှာ မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး တတန်လောက် ပါဝင်တဲ့ အိတ် ၄၀ လောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြောလိုက်ပြီး ထိုင်းစစ်တပ်နဲ့ ရဲအရာရှိတွေအနေနဲ့ မူးယစ်ဆေးဝါး တရားမဝင် ရောင်း ဝယ်ဖောက်ကားတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ မှောင်ခိုဂိုဏ်းတွေကို နိုင်ငံအနှံ့မှာ သတိထား စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ ထရပ်ကားမောင်းသူကို ဖမ်းဆီးထားပေမဲ့ ဒီကိစ္စမှာ အိမ်နီးချင်း နိုင်ငံတခုမှာ အခြေစိုက်လှုပ်ရှားတဲ့ ထိုင်းနိုင်ငံသားတယောက်ယောက် ပါဝင်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သံသယရှိနေတာပါ။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ပြောရေးဆိုခွင့်ရှိသူ အင်ရှစ်ခ် ဆင်းမ်ကတော့ မဲခေါင်ဒေသတွင်း မူးယစ်ဆေးဝါး တတန် ဒါမှမဟုတ် အဲဒီ ထက်ပိုတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ သိသိသာသာ တိုးမြင့်လာတယ် လို့ ပြောပါတယ်။၊

ထိုင်းနိုင်ငံဟာ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့အကြား စိတ်ကြွမူးယစ်ဆေးဝါးနဲ့ တခြား တ ရားမဝင် မူးယစ်ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားမှုကြောင့် လူသိများတဲ့ “ရွှေတြိဂံ” လမ်းကြောင်းရဲ့ အဓိကအစိတ်အပိုင်းတခု ဖြစ်နေပြီး နောက်ဆုံးဖမ်းဆီးရမိမှုရဲ့ နိုင်ငံတကာ ခန့်မှန်းတန်ဖိုးဟာ ထိုင်းဘတ်ငွေ ၇၉၈ သန်း (ပေါင် ၁၉ ဒသမ သန်း) ဖြစ်တယ် လို့ သိရပါတယ်။

သတင်းအစီရင်ခံစာတွေအရ တရားမဝင် မူးယစ်ဆေးဝါးတွေဟာ အထူးသဖြင့် မက်သ ဖက်တမင်း စိတ်ကြွမူးးယစ်ဆေးဝါး အများဆုံး ရောင်းဝယ်ရာအဖြစ် ထင်ရှားတဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ကနေ အဓိက စီးဆင်းနေတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာက အာဖဂန်နစ္စတန်နိုင်ငံကို ကျော်လွန်ပြီးတော့ ကမ္ဘာမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာတယ်လို့ UNODC က ထုတ်ပြန်ထားပါတယ်။

မက်သဖက်တမင်း စိတ်ကြွဆေးကို အဓိကအားဖြင့် ပုံစံနှစ်မျိုးနဲ့  ဖြန့်ဝေပြီး တမျိုးက ယာဘလို့ အများအားဖြင့် ရည်ညွှန်းတဲ့ ဆေးပြားပုံစံနဲ့ အိုက်စ်လို့ သိကြတဲ့ စိတ်ကြွ ဆေးပြားပုံစံ ထုတ်လုပ်ကြတာပါ။

သိပ်မကြာသေးခင် နှစ်တွေအတွင်းမှာတော့ အိမ်နီးချင်းနိုင်ငံတွေက ရဲတပ်ဖွဲ့တွေရဲ့ ပံ့ပိုး ကူညီမှုနဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေဟာ ရွှေတြိဂံ ဒေသတွင်း စစ်ဆင်ရေးတွေကို ပြင်းထန်စွာ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း မြန်မာနယ်စပ်အနီးက အနောက်ဘက်ခြမ်း ကန်ချ နပူရီခရိုင်ထဲမှာ ခြောက်ဘီးထရပ်ကားတစီးအတွင်း အိတ်တွေနဲ့ ဝှက်သယ်ဆောင်လာတဲ့ မူးယစ်ဆေးပြား သန်း ၅၀ လောက်ကို ထိုင်းရဲတွေက သိမ်းဆည်းရမိခဲ့ဖူးပြီး အဲဒီအချိန် က ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြား အရေအတွက်ဟာ ထိုင်းနိုင်ငံအတွက် စံချိန်တင်ခဲ့ ဖမ်းမိမှု ဖြစ်ခဲ့ပါတယ်။

Source: Independent

Photo- Inshik Sim

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013