DVB Logo
Home
အားကစား
ယိုယွင်းပျက်စီး မိုးယိုနေသည့် အိုးထရက်ဖို့ဒ်ကွင်းကို ပြုပြင်ရန် မန်ယူကို တိုက်တွန်း
DVB
·
May 14, 2024
ယိုယွင်းပျက်စီး မိုးယိုနေသည့် အိုးထရက်ဖို့ဒ်ကွင်းကို ပြုပြင်ရန် မန်ယူကို တိုက်တွန်း
Donate to DVB

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြုပြင်ပြီး ဝင်ဘလေကွင်းကို ငှားရမ်းအသုံးပြုသင့်တယ်လို့ ဗြိတိန်သတင်းစာ ဒေးလီးမေးလ် ဆောင်းပါးရှင် မိုက်ကီးဂမ်းက တိုက်တွန်းရေးသားလိုက်ပါတယ်။

မန်ယူအသင်းဟာ အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မိုးရွာသွန်းမှုကြောင့် ကွင်းအမိုးတွေဆီကနေ မိုးရေတွေလျှံကျလာခဲ့ပြီး ပွဲကြည့်စင်နဲ့ အဝတ်လဲခန်း တလျှောက်မှာလည်း မိုးရေတွေ ဝင်ရောက်လာခဲ့ပါတယ်။

မန်ယူအသင်းဟာ ကစားပွဲတွေမှာ ရှုံးပွဲဆက်တိုက်တွေ့ပြီး ရလဒ်တွေ မကောင်းဖြစ်နေသလို အိမ်ကွင်း အိုးထရက်ဖို့ဒ်ဟာလည်း မိုးယိုနေတဲ့အတွက် ဘောလုံးပရိသတ်တွေက “အိုးထရက်ဖို့ဒ်ကွင်းကြီး ငိုနေပြီ”၊ “အိုးထရက်ဖို့ဒ် ရေတံခွန်” စသဖြင့် ကွင်းခေါင်မိုးကနေ ရေတွေစီးကျနေတဲ့ ဓာတ်ပုံတွေနဲ့အတူ အွန်လိုင်းမှာ ဝေဖန်သရော် လှောင်ပြောင်နေကြတာပါ။

မန်ယူအသင်းအတွက် အခုလို ကွင်းတွင်း၊ ကွင်းပြင် နှစ်ခုစလုံးမှာ အရှက်ရစရာ ဖြစ်ခဲ့ပြီးနောက် အိမ်ကွင်းကို အကြီးစား ပြုပြင်တည်ဆောက်သင့်ကြောင်း ဆောင်းပါးရှင် မိုက်ကီးဂမ်းက အကြံပြု ရေးသားသွားပါတယ်။

မန်ယူအသင်းအနေနဲ့ ကွင်းပြုပြင်နေချိန်အတွင်းမှာ လန်ဒန်မြို့မှာရှိတဲ့ အင်္ဂလန်အသင်း အိမ်ကွင်း ဝင်ဘလေကွင်းကို ၂ နှစ်လောက် ငှားရမ်းအသုံးပြုသင့်တယ်လို့လည်း မိုက်ကီးဂမ်းက တိုက်တွန်းသွားပါတယ်။

အသင်းပူးတွဲပိုင်ရှင်သစ်ဖြစ်သူ ဆာဂျင်ရက်ကလစ်ဖ်ကတော့ အသင်းအိမ်ကွင်းကို ပြုပြင်ပြောင်းလဲသွားဖို့ စီစဉ်ထားပြီး ပေါင် ၂ ဘီလီယံလောက် ကုန်ကျနိုင်တယ်လို့ သိရပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013