DVB Logo
Home
အားကစား
ကိုပါအမေရိကဖလား လူစာရင်းတွင် ကတ်စမဲရိုးနှင့် အန်တိုနီတို့ကို ဘရာဇီးအသင်း ချန်လှပ်
DVB
·
May 12, 2024
ကိုပါအမေရိကဖလား လူစာရင်းတွင် ကတ်စမဲရိုးနှင့် အန်တိုနီတို့ကို ဘရာဇီးအသင်း ချန်လှပ်
Donate to DVB

ဘရာဇီး လက်ရွေးစင်ဘောလုံးအသင်းဟာ လာမယ့်ဇွန်လဆန်းမှာ ကစားရမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် လူစာရင်း ထုတ်ပြန်ရာမှာ မန်ယူကွင်းလယ်လူ ကတ်စမဲရိုးကို ချန်လှပ်ခဲ့ပါတယ်။

ကတ်စမဲရိုးဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးအသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့ပေမဲ့ ကိုပါအမေရိက လူစာရင်း ထုတ်ပြန်ချိန်မှာ ချန်လှပ်ခံခဲ့ရတာပါ။

သူဟာ မိခင်ကလပ်မန်ယူအသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် ဘရာဇီးနည်းပြသစ် ဒိုရီဗယ်ဂျူနီယာက ချန်လှပ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ကတ်စမဲရိုးနဲ့အတူ ကလပ်အသင်းဖော် အန်တိုနီဟာလည်း ချန်လှပ်ခံခဲ့ရပြီး စပါးတိုက်စစ်မှူး ရစ်ချာလီဆင်နဲ့ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ်ဂျေဇုတို့လည်း ချန်လှပ်ခံခဲ့ရတာပါ။

ဘရာဇီးအသင်းရဲ့ ၂၃ ဦးစာရင်းမှာ အာဆင်နယ်က မာတင်နယ်လီနဲ့ ဂါဘရီယယ်တို့ ရွေးချယ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်ကြတဲ့ ပါရဲယား၊ ဂွီမာရေးစ်၊ ဒေါက်ဂလပ်လူးဝစ်၊ ဂိုမက်ဇ်နဲ့ ပါကေတာ တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။ 

Photo - REUTERS/Mariana Greif

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013