DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးနှင့် တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများဖြင့်အလင်းဝင်
DVB
·
May 11, 2024
စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးနှင့် တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများဖြင့်အလင်းဝင်
Donate to DVB

စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ တပ်ကြပ် ၁ ယောက်တို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မုံရွာခရိုင်၊ တပ်ရင်း ၂၅ (သံမဏိ Force - MPDF Battalion) ဆီကို မေ ၈ ရက်နေ့မှာ ဗိုလ်ကြီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတယောက် ပြောပါတယ်။

“အခြေအနေအကြောင်းကြောင်းကြောင့် စစ်ကောင်စီတပ်က အလင်းဝင်လာတဲ့ ဗိုလ်ကြီးရဲ့ အချက်အလက်ကို လျှို့ဝှက်ပေးထားတာပါ။ သူ့ကိုလည်း လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပြပါတယ်။

စစ်ကောင်စီတပ်ကနေ အလင်းဝင်ရောက်လာတဲ့ ဗိုလ်ကြီးအဆင့်ရှိသူနဲ့အတူ MA 3 သေနတ် ၁ လက်နဲ့ ကျည်အနည်းငယ်ပါလာတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ ၂၇၄ မှာတွဲဘက်တာဝန်ထမ်းဆောင်တဲ့ ကျောက်ထုမြို့ အမြောက်တပ် အမှတ် ၃၆၈ က တပ်ကြပ်အဆင့်ရှိသူ တယောက်ဟာလည်း လက်နက်ခဲယမ်းတွေနဲ့ မေ ၅ ရက်မှာ အလင်းဝင်လာတယ်လို့ CDF-Mindat ဆီကနေ သိရပါတယ်။

CDF-Mindat ရဲ့ တာဝန်ရှိသူတဦးက “အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ကြပ် ဝင်းလေး က လက်နက်ခဲယမ်းတွေနဲ့ ကျနော်တို့ CDF-Mindat ဆီကို အလင်း၀င်လာလို့ ဆုကြေးငွေ သိန်း ၅၀ ချီးမြှင့်လိုက်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားပါတယ်” လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာသူ တပ်ကြပ် ဝင်းလေးဟာ MA 3 သေနတ် ၁ လက် ၊ ကျည်အိမ် ၃ ခုနဲ့ ကျည် ၂၅၆ တောင့်တို့နဲ့အတူ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

ပြည်သူဘက်ကို ပူးပေါင်းလိုကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေကို အမြန်ဆုံးဆက်သွယ်ပြီး အလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013