
မန်ချက်စတာယူနိုက်တက်အသင်း နည်းပြ မိုက်ကယ်ကာရစ်က တောင်ပံကစားသမား ပက်ထရစ်ဒေါ့ဂူဟာ ဒဏ်ရာကနေ သက်သာလာပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ နီးစပ်နေပြီလို့ ပြောပါတယ်။
အသက် ၂၁ နှစ်အရွယ် ဒေါ့ဂူဟာ ဇန်နဝါရီလက အာဆင်နယ်ကို နိုင်တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး ပွဲစဉ် ၁၀ ပွဲအထိ လွဲချော်ခဲ့ပေမဲ့ လက်ရှိမှာ လေ့ကျင့်ခန်းပြန်ဆင်းဖို့ အခြေအနေကောင်းနေပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲကို လွဲချော်ခဲ့တဲ့ နောက်ခံလူ လီနီယိုရိုကတော့ တနင်္လာနေ့မှာ ကစားမဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ရာနှုန်းပြည့် မသေချာသေးဘူးလို့ ကာရစ်ကပြောကြောင်း Sky sports က ဖော်ပြပါတယ်။
ဒါ့အပြင် အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရင် အိုးထရက်ဖို့ဒ်မှာ ဆက်ရှိမလားဆိုတဲ့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ လက်ရှိနည်းပြအလုပ်ကို သဘောကျပြီး အသင်းမှာ တာဝန်ယူခွင့်ရတာကို ဂုဏ်ယူတယ်လို့ သူက ဖြေကြားခဲ့ပါတယ်။










