DVB Logo
Home
မြန်မာသတင်း
မိုးမောက်နှင့် မံစီမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေ
DVB
·
May 10, 2024
မိုးမောက်နှင့် မံစီမြို့နယ်၌ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေ
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်မြို့နဲ့ မံစီမြို့ပတ်ဝန်းကျင်မှာ မေ ၁၀ ရက် မနက်ပိုင်းအထိ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီးတော့ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်နေတယ်လို မြို့ကနေ တိမ်းရှောင်နေတဲ့ ပြည်သူတွေကနေ သိရပါတယ်။

မိုးမောက်မြို့မှာ အိမ်စောင့်အနေနဲ့ မြို့မှာကျန်ခဲ့တဲ့သူတွေရှိနေပြီး မိုးမောက်မြို့ ခမရ ၄၃၇ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ မိုးမောက်မြို့ကနေ တိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

“ဒီမနက်ကြားတာ မံပုံရွာက တယောက်ဆုံးသွားတယ်လို့ ကြားတယ်၊ ဘယ်လို့ ဖြစ်တာလဲတော့ သေချာ မသိရသေးဘူး။ မနေ့ကကော တနေ့လုံး လက်နက်ကြီး လေယာဉ်နဲ့ကော မနေ့ည ၉ နာရီ လောက်အထိ လာပစ်တယ်။ အဲလိုဆိုတော့ အဲဒါကြောင့်ပဲ ထင်တယ်၊ မြို့မှာ ကျန်ခဲ့တဲ့ သူတွေနဲ့ကော အဆက်အသွယ်မရတော့ဘူး။ ဖုန်းလိုင်းတွေကလည်း မရဘူးဖြစ်နေတော့၊ အဆက်အသွယ်လည်း ကောင်းကောင်းမရဘူးဖြစ်နေတယ်၊ ဒီနေ့ မနက်စောကြီးလေယာဉ်နဲ့ လာပစ်သွားပြီး နှစ်ဖက်ပစ်ခတ်သံတွေကော ကြားနေရတယ်။” 

မံစီမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ ပြည်သူတွေ တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာ ရတာရှိနေသလို မေ ၉ ရက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူတွေ ဗန်းမော်မြို့မှာရှိတဲ့ ပရဟိတ အသင်းတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဗန်းမော်မြို့ကို ခေါ်ထုတ်ခဲ့ရတာတွေရှိသလို ထိခိုက် သေဆုံးခဲ့တဲ့သူတွေကော ရှိတယ်လို ဗန်းမော်မြို့က မြို့ခံတဦးက ပြောပါတယ်။

“မံစီဘက်လည်း ဆက်ဖြစ်နေတယ်၊ မနေ့ကဆိုရင်လည်း ပရဟိတအသင်းတွေပေါင်းပြီး တဆင့်ပြီးတဆင့် ကယ်ထုတ်ရတယ်၊ ထိခိုက်ဒဏ်ရရှိတဲ့သူတွေကောပါတယ်။ အဲဒီမှာ မနေ့က မံစီအထိ လာကြိုတဲ့အချိန် ကားပေါ်ရောက်မှ မလိုက်တော့ဘူးဆိုပြီး နေခဲ့တဲ့တယောက်က လက်နက်ကြီး ထိပြီး ဆုံးသွားတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

မံစီမြို့နဲ့ မြို့ပတ်ဝန်းကျင်က တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ  ၁၀ ဦးနဲ့ အထက်ရှိ နေတယ်လို့ ဗန်းမော်မြို့က ပရဟိတ အသင်းတွေကနေ သိရပါတယ်။

မံစီမြို့အနီးက ခ.လ.ရ ၃၁၉ နဲ့ ၆၀၁ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စစ်ကောင်စီလေတပ်ကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်မြို့နဲ့ မံစီမြို့ပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ်နဲ့ အသေးစားသယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ ပြင်းပြင်းထန်ထန်ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013