DVB Logo
Home
အားကစား
နည်းပြဂွါဒီယိုလာကို ပြန်လည်ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းဆန္ဒရှိ
DVB
·
May 10, 2024
နည်းပြဂွါဒီယိုလာကို ပြန်လည်ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းဆန္ဒရှိ
Donate to DVB

ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာကိုပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

မန်စီးတီးနဲ့ နည်းပြဂွါဒီယိုလာတို့ရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာကုန်ဆုံးမှာပါ။ ဒီအခြေအနေကို ဘိုင်ယန်မြူးနစ်အသင်းကစောင့်ကြည့်နေပြီး ဂွါဒီယိုလာကို ပြန်ခေါ်ဖို့ ပြင်ဆင်လာခဲ့တာပါ။

လက်ရှိ အသင်းနည်းပြ သောမတ်စ်တူဟယ်ကို ရာသီကုန်ဆုံးချိန်မှာထုတ်ပယ်သွားမှာဖြစ်ပြီး  နည်းပြသစ် တဦးအမြန်ဆုံးခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဂျာမန်မီဒီယာ Kicker ကဖော်ပြပါတယ်။

စပိန်နည်းပြဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါနဲ့  ဂျာမန်စူပါဖလားချန်ပီယံဆုဖလားတွေရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ဘိုင်ယန်နဲ့ ဥရောပချန်ပီယံလိဂ်ဆုဖလားမရယူနိုင်ခဲ့တာကြောင့် ကျရှုံးတဲ့ ဘောလုံး ရာသီဖြစ်တယ်လို့ယူဆကြောင်း  မကြာခဏပြောခဲ့ဖူးပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013