DVB Logo
Home
အားကစား
ဂရင်းဝုဒ်ကို ခေါ်ယူရန် ဘာစီလိုနာက မေးမြန်းစုံစမ်းဟု ဂီတာဖေးဥက္ကဋ္ဌပြော
DVB
·
May 8, 2024
ဂရင်းဝုဒ်ကို ခေါ်ယူရန် ဘာစီလိုနာက မေးမြန်းစုံစမ်းဟု ဂီတာဖေးဥက္ကဋ္ဌပြော
Donate to DVB

အင်္ဂလန်တောင်ပံတိုက်စစ်ကစာသမား မေဆန်ဂရင်းဝုဒ်ကိုခေါ်ယူဖို့ ဘာစီလိုနာအသင်းဘက်က မေးမြန်း စုံးစမ်းထားကြောင်း ဂီတာဖေးအသင်းဥက္ကဋ္ဌက ပြောသွားပါတယ်။

ဂရင်းဝုဒ်ဟာ မန်ယူအသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး ဂီတာဖေးအသင်းက နောက်ထပ်တရာသီလောက် ဆက်ထိန်းသွားချင်နေတာပါ။

မန်ယူအသင်းဘက်က ဂရင်းဝုဒ်ကို အပြီးသတ်ရောင်းချလိုကြောင်း ဂီတာဖေးဥက္ကဋ္ဌ တောရက်စ်က အတည်ပြုခဲ့ပြီး အသင်းမှာဆက်ရှိ နိုင်တယ်လို့ ပြောပါတယ်။

မန်ယူအသင်းဘက်ကတော့ ဂရင်းဝုဒ်အတွက် ကမ်းလှမ်းမှုတွေရှိလာ မယ်ဆိုရင် ရောင်းချသွားဖို့ရှိပြီး ဘာစီလိုနာအသင်းရဲ့မေးမြန်းစုံစမ်းမှုတွေကိုလည်း လက်ခံရရှိထားကြောင်း ဂီတာဖေးအသင်းဥက္ကဋ္ဌ တောရက်စ်က ပြောပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဂရင်းဝုဒ်ကို ခေါ်ယူရန် ဘာစီလိုနာက မေးမြန်းစုံစမ်းဟု ဂီတာဖေးဥက္ကဋ္ဌပြော