DVB Logo
Home
မြန်မာသတင်း
ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိစစ်သည်များ ရခိုင်ရှေ့တန်းထွက်ရန် စိုးရိမ် ကြောက်လန့်နေ
DVB
·
May 6, 2024
ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိစစ်သည်များ ရခိုင်ရှေ့တန်းထွက်ရန် စိုးရိမ် ကြောက်လန့်နေ
Donate to DVB

ရခိုင်ပြည်နယ် ရှေ့တန်းထွက်ရမှာကို စိုးရိမ်ကြောက်လန့်နေတာကြောင့်  ဧရာဝတီရေတပ်စခန်း ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိစစ်သည်တွေ သင်တန်းတက်ရောက်သူ များပြားလာတယ်လို့ တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီရေတပ်စခန်းဌာနချုပ်မှာ ပြီးခဲ့တဲ့ မေလ ၃ ရက်က စတင်ကာ ရခိုင်ကို စစ်ကူဖြည့်ဖို့  ဌာနချုပ်မှူး ဗိုလ်မှုးချုပ်တင်မောင်သန်းက စစ်သင်္ဘောတွေကို ပြင်ဆင်ခိုင်းပြီး ရှေတန်းထွက်ရမယ့်လူ စာရင်းကောက်နေတယ်လို့ တပ်နဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

"ဧရခမှာ ဌာနချုပ်မှူးတွေကိုယ်တိုင် ရခိုင်ကို စစ်အင်အားဖြည့်ဖို့ လုပ်နေတယ်။ သင်္ဘောတွေကို ဒေါက်ဆင်းဖို့ ပြင်နေတယ်။ အရာရှိတွေက မလိုက်ချင်လို့ တိုက်စည်းသင်တန်း တက်ကြတာ များတယ်။”

ရခိုင်ကို စစ်ကူဖို့အတွက် ကြည်းတပ်၊ လေတပ်ကိုလည်း အင်အားဖြည့်ထားပြီး ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှာလည်း အရာရှိ၊ စစ်သည်များကို တိုက်စည်းသင်တန်းပေးနေတယ်လို့ ဧရခနဲ့နီးစပ်သူတဦးက  ပြောပါတယ်။

“ရခိုင်ကို စစ်ကူသွားဖို့ ကြည်းနဲ့လေက ပေါင်းထားပြီး ရေတပ်က အရာရှိတွေရော အခြားအဆင့်တွေရော စာရင်းကောက်တယ်။ အပြင်မှာ လုံခြုံရေးကျနေတဲ့ သူတွေပို့ပြီး လူကြီးနဲ့ပိုင်တဲ့သူတွေက မလိုက်ရဘူး။ တချို့ဆို သင်တန်းတက်ကြတယ်” လို့ ပြောပါတယ်။

ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီး စစ်ဆင်ရေးအထူးတပ်ဖွဲ့မှုး ဒုဗိုလ်ချုပ်ကြီး သက်ပုံကိုယ်တိုင် ပမ္မဝတီရေတပ်စခန်းကို မကြာခဏရောက်ရှိကာ ဦးဆောင်နေတယ်လို့လည်း ရေတပ်အသိုက်အဝန်းက သိရပါတယ်။

ဒါ့အပြင် ရခိုင်ကို ဇွန်လအတွင်း ကြည်း၊ ရေ၊ လေနဲ့ ဒရုန်းအဖွဲ့တွေ စုပေါင်းကာ စစ်ဆင်ရေးအမည်တခုနဲ့ ပြန်လည်ထိုးစစ်ဆင်မှာဖြစ်တဲ့အတွက် အင်အားစုစည်းနေပြီး သင်တန်းတွေပေးနေတာလို့လည်း သုံးသပ်သူတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013