DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံး၌ မြန်မာကို တရားစွဲထားသည့်အမှုကိစ္စ ဂမ်ဘီယာနှင့် ဘင်္ဂလားဒေ့ရှ် ဆွေးနွေး  
DVB
·
May 6, 2024
ICJ တရားရုံး၌ မြန်မာကို တရားစွဲထားသည့်အမှုကိစ္စ ဂမ်ဘီယာနှင့် ဘင်္ဂလားဒေ့ရှ် ဆွေးနွေး  
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှုစွဲချက်နဲ့  မြန်မာနိုင်ငံပေါ် စွဲဆိုထားတဲ့အမှုအတွက် လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ကျဖို့ မျှော်လင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာနိုင်ငံတို့က ပူးတွဲ ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟက်စ်နာမာမွတ်၊ ဂမ်ဘီယာတရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ်ဖြစ်သူ ဒေါ်ဒါ အေဂျယ်လိုတို့ တွေ့ဆုံမှုအပြီးမှာ အခုလိုထုတ်ပြန်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် သတင်းမှာဖော်ပြပါတယ်။

သူတို့နှစ်ဦးဟာ ဂမ်ဘီယာမှာ ကျင်းပမယ့် ၁၅ ကြိမ်မြောက် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) အစည်းအဝေးမတိုင်မီ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အကြိုအစည်းအဝေး ပြုလုပ်ချိန်မှာ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အတင်းအဓမ္မ ရွှေ့ပြောင်းခံခဲ့ရတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးပြီး လူသားချင်းစာနာမှုတွေ ပေးအပ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကို ကျေးဇူးတင်ကြောင်း ဂမ်ဘီယာ တရားရေးဝန်ကြီးက  ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာအမှု ကိုင်တွယ်ဖို့အတွက် ဂမ်ဘီယာကို ဘဏ္ဍာရေးအကူအညီပါ ပေးအပ်တဲ့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျေးဇူးတင်တယ်လို့လည်း ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကလည်း ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုအရ ခိုလှုံခွင့်ပေးအပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားတာတွေနဲ့ အနာဂတ်မှာ ကြုံလာရနိုင်တဲ့ အခက်အခဲတွေကို ရှင်းပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာနေနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ ပြန့်ပို့ရေးနဲ့ အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့အဖြေတရပ်လိုအပ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဂမ်ဘီယာတရားရေးဝန်ကြီးက ICJ အမှုအတွက် ရန်ပုံငွေ မလုံလောက်တဲ့ပြဿနာရှိနေတယ်လို့ ဆိုပါတယ်။

အမှုဆက်တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ တရားရေးအကူအညီနဲ့ သက်သေအထောက်အထားတွေ ဘင်္ဂလားဒေ့ရှ်ဘက်က ပံ့ပိုးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ OIC အဖွဲ့ ကိုယ်စား  ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ မှာ  တရားစွဲခဲ့တာဖြစ်ပါတယ်။

Photo-BSS

ဆက်စပ်သတင်းများ—

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ICJ တရားရုံး၌ မြန်မာကို တရားစွဲထားသည့်အမှုကိစ္စ ဂမ်ဘီယာနှင့် ဘင်္ဂလားဒေ့ရှ် ဆွေးနွေး