DVB Logo
Home
နိုင်ငံတကာ
ဘရာဇီးရေကြီးမှု သေဆုံးသူ ၇၈ ဦးထိမြင့်တက်၊ သမ္မတ လူလာ သွားရောက်ကြည့်ရှု
DVB
·
May 6, 2024
ဘရာဇီးရေကြီးမှု သေဆုံးသူ ၇၈ ဦးထိမြင့်တက်၊ သမ္မတ လူလာ သွားရောက်ကြည့်ရှု
Donate to DVB

ဘရာဇီးသမ္မတ လူးဝစ်အင်နာစီရို လူလာဒါဆေးလ်ဗားဟာ ရေဘေးဒဏ်သင့်ဒေသက အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ဆွေးနွေးဖို့ မေ ၅ ရက်မှာ အစိုးရအဖွဲ့ဝင် အများစုနဲ့အတူ ရီယိုဂရန်ဒီ ဒိုဆူလ် ပြည်နယ်ဆီ ရောက်လာပါတယ်။

ဘရာဇီးနိုင်ငံ တောင်ပိုင်းမှာ ရေကြီးရေလျှံတာတွေကြောင့် လူပေါင်း ၇၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး အစားအစာနဲ့ ရေမရှိဘဲ သောင်တင်နေကြပါတယ်။

တနင်္ဂနွေနေ့အထိ ပျောက်ဆုံးနေသူ ၁၀၃ ဦးရှိပြီး သေဆုံးသူဦးရေမှာ သိသိသာသာ တိုးလာနိုင်သေးတယ်လို့ ပြည်နယ် အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

နောက်ထပ် သေဆုံးသူ ၆ ဦးက မုန်တိုင်းတွေနဲ့ ဆက်နွှယ်မှုရှိမရှိ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။

ရေကြီးရေလျှံလို့ ရီယိုဂရန်ဒီ ဒိုဆူလ် ပြည်နယ်မှာ လူပေါင်း ၁၁၅,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မုန်တိုင်းတွေကြောင့် ရေကြီးပြီး ဥရုဂွေး၊ အာဂျင်တီးနားနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒီပြည်နယ်က မြို့ပေါင်း ၅၀၀ နီးပါးရဲ့ သုံးပုံနှစ်ပုံကျော်ကို ထိခိုက်ခဲ့ပါတယ်။

မိုးရွာလို့ မြေပြိုတဲ့အပြင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံငယ်ရှိတဲ့ ရေကာတာ တစိတ်တပိုင်း ပြိုကျခဲ့ပါတယ်။ မြို့အများအပြားမှာ လမ်းတွေနဲ့ တံတားတွေ ပျက်စီးခဲ့ပါတယ်။

မိုးရွာလို့ ပျက်စီးသွားတဲ့ လမ်းတွေကို ပြည်ထောင်စုအစိုးရက ပြန်ဖောက်လုပ်ပေးမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အက်ဒွါဒို လေးတေနဲ့ အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတက ပြောပါတယ်။

အန္တရာယ်ရှိတဲ့ နေရာတွေမှာ အိမ်တွေပြန်မဆောက်ကြဖို့ ဒေသအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

မြို့တော် ပေါ်တို အလေဂရေမှာ ကွေဘာရေကန်ရဲ့ ကမ်းပါးတွေမှာ ၇ ပေကျော် ရေတက်ခဲ့ပြီး စံချိန်တင် အမြင့်ဆုံး ရေမျက်နှာပြင်ထိ ရောက်ခဲ့တယ်လို့ အမျိုးသားဘူမိဗေဒဌာနက ပြောပါတယ်။

ပေါ်တိုအလေဂရေ မြို့တော်က အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မေ ၃ ရက်ကတည်းက လေယာဉ်ခရီးစဉ်အားလုံးကို ရပ်ဆိုင်းထားရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013