DVB Logo
Home
အားကစား
အစ်ဆွစ်ချ်အသင်း ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိ
DVB
·
May 5, 2024
အစ်ဆွစ်ချ်အသင်း ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိ
Donate to DVB

အစ်ဆွစ်ချ်အသင်းဟာ ချန်ပီယံရှစ်မှာ ဒုတိယနေရာမှာရပ်တည်ခဲ့တာကြောင့် နှစ်ပေါင်း ၂၂ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိခဲ့ပါတယ်။

မနေ့ညက ကစားသွားတဲ့ ချန်ပီယံရှစ် နောက်ဆုံးပွဲစဉ်တွေမှာ အစ်ဆွစ်ချ်အသင်းဟာ ဟတ်ဒါဖီးလ်တောင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလက်စတာစီးတီးနဲ့ တစ်မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

၂၀၂၂-၂၀၂၃ ရာသီတုန်းက လိဂ်ဝမ်းနေ တန်းတက်လာခဲ့တဲ့ အစ်ဆွစ်ချ်ဟာ ချန်ပီယံရှစ်ကနေလည်း တန်းတက် ခွင့်ရရှိတာကြောင့် နှစ်ရာသီဆက်တိုက် တန်းတက်နိုင်ခဲ့တဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

နည်းပြချုပ်ဖြစ်သူ မက်ကန်နာဟာ မန်ယူအသင်းနည်းပြအဖွဲ့ဝင်တဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်ကတည်းက အစ်ဆွစ်ချ်အသင်းကို တာဝန်ယူခဲ့တာပါ။

ချန်ပီယံရှစ်ပွဲစဉ်တွေအပြီးမှာ လိဒ်ယူနိုက်တက်နဲ့ နောဝှစ်ချ်၊ ဆောက်သမ်တန်နဲ့ ဝက်စ်ဘရွန်းတို့က ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ကစားသွားရမှာပါ။

ဘာမင်ဂမ်၊ ဟတ်ဒါဖီးလ်တောင်းနဲ့ ရော့သာဟမ်အသင်းတွေကတော့ တန်းဆင်းသွားခဲ့ရပါတယ်။ 

Photo-Action Images/Peter Cziborra 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013