
အင်္ဂလန်အသင်းနဲ့ မက္ကဆီကိုအသင်းတို့ရဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ် ကန်ချိန်ဟာ မူလ သတ်မှတ်ထားတဲ့ ယူကေစံတော်ချိန် မနက် ၁ နာရီအတိုင်းပဲ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်း ဝင်ရောက်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ကန်ချိန်ကို ၆ နာရီအထိ စောပြီး ပြောင်းလဲဖို့ စဉ်းစားခဲ့တာပါ။
ဒီလို ကန်ချိန်ပြောင်းလဲဖို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့ ပြင်ဆင်မှု တွေ ရှုပ်ထွေးခဲ့ရပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကလည်း မက္ကဆီကိုမီဒီယာကနေမှ ဒီအကြောင်းကို သိခဲ့ရတာ ဖြစ်ပါတယ်။
ဖီဖာက ဘောလုံးပွဲကန်ချိန်ပြောင်းလဲဖို့ ဆွေးနွေးခဲ့တာ မှန်ပေမဲ့ အင်္ဂလန်နဲ့ မက္ကဆီကို ၂ သင်းစလုံးရဲ့ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။
ပွဲမစခင် ၄၈ နာရီအလိုမှာ ကန်ချိန်ပြောင်းလဲဖို့က ရဲတပ်ဖွဲ့၊ စစ်တပ်၊ အသင်းတွေနဲ့ ပရိသတ်တွေ အတွက် လက်တွေ့မကျဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။
မက္ကဆီကိုနည်းပြ ဂျာဗီယာ အဂွီယာရီကတော့ ကန်ချိန်ပြောင်းလဲဖို့ စဉ်းစားခဲ့တာဟာ "ဗိုက်ကို ကန်လိုက်သလိုပဲ"လို့ ဒေါသတကြီး ပြောကြားခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ် ကတော့ ဒါဟာ ကျော်လွှားရမဲ့ အခက်အခဲတခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။
Photo: Reuters










