DVB Logo
Home
အားကစား
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အပါဝင် ကစားသမားအများစုကို ရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်
DVB
·
April 30, 2024
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အပါဝင် ကစားသမားအများစုကို ရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်
Donate to DVB

မန်ယူအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ် အပါအဝင် ကစားသမားအများစုကို ရောင်းထုတ်သွားဖို့ စီစဉ်နေပါတယ်။

အသင်းပိုင်ရှင်သစ်နဲ့ စီအီးအိုအသစ် အိုမာဘာရယ်ဒါတို့ဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေပြီး ကစာသမားအများစုကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတယ်လို့  The Telegraph သတင်းမှာ ဖော်ပြပါတယ်။

နည်းပြချုပ် အဲရစ်တန်ဟတ်ဂ်ရဲ့ အနာဂတ်ဟာလည်း မရေမရာဖြစ်နေပြီး ကစားသမား ၃-၄ ဦးလောက်သာ အသင်းမှာ ဆက်ရှိဖို့ အာမခံချက်ရှိမယ်လို့ သိရပါတယ်။

အဲဒီကစားသမားတွေက အသင်းခေါင်းဆောင် ဖာနန်ဒက်စ်အပါအဝင်၊ ဟွိုက်လန်း၊ ဂါနာချိုနဲ့ မိန်နူးတို့ဖြစ်ပြီး အဆိုပါကစားသမားတွေကို ဝန်းရံပြီး အသင်းကို ပြုပြင်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

တခြားစီနီယာ ကစားသမားအများစုကိုတော့ ထိုက်သင့်တဲ့ကမ်းလှမ်းချက် ရရှိလာမယ်ဆိုရင် ရောင်းထုတ်သွားဖို့ မန်ယူအသင်းက ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

Photo-Reuters/Andrew Couldridge/John Sibley

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013