DVB Logo
Home
မြန်မာသတင်း
ဦးကျော်သက်လင်း စီစဉ်သည့် “String - ကြိုး” နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ကျင်းပမည်
DVB
·
April 29, 2024
ဦးကျော်သက်လင်း စီစဉ်သည့် “String - ကြိုး” နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ကျင်းပမည်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာကနေ ပါဝင်နေတဲ့ CDM ပြည်သူ့ဝန်ထမ်း အစီအစဉ်တင်ဆက်သူ ဦးကျော်သက်လင်း စီစဉ်တဲ့ “String - ကြိုး” အမည်ရတဲ့ အနုပညာမြောက် ဂီတသံစဉ်တွေနဲ့ ဖျော်ဖြေမယ့်  နွေဦးတော်လှန်ရေးရန်ပုံငွေပွဲကို မကြာခင်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

“ကြိုး… ဒီကြိုးတွေဟာ ဒီခက်ခဲလွန်းတဲ့ကာလ ပြေးလွှား ပုန်းရှောင် ပြောင်းရွှေ့နေရတဲ့ ကာလဆိုးကြီးထဲမှာ သူတို့ကို ဂီတသံစဉ်တွေအဖြစ် ပြောင်းလဲပေးမယ့် ကြိုးတွေကို ချစ်ခင်တပ်မက်သူတွေနဲ့ ဝေးကွာခဲ့တာ လေးနှစ်တာ ကြာခဲ့ပါပြီ။ ဒီကာလရှည်ကြီးထဲမှာ သူတို့ ချစ်မြတ်နိုးတဲ့တူရိယာတွေကို စွန့်ခွာခဲ့ကြရပြီး ကြမ်းတမ်းလွန်းတဲ့ ဖြတ်သန်းမှုမျိုးကို ရင်ဆိုင်နေခဲ့ကြရပါတယ်။ အခု ဒီကြိုးတွေ ကြိုးတွေကို ချစ်မြတ်နိုးတဲ့ သူတွေနဲ့ သူတို့တွေ ပေါင်းဖက်မိကြလို့ ဖြစ်တည်လာတဲ့သံစဉ်တွေကို မြတ်နိုးတန်ဖိုးထားသူတွေ ပြန်လည်ဆုံတွေ့အောင် ကျနော်တို့ ဆောင်ရွက်နိုင်ခဲ့ကြပါပြီ။ ဒီပွဲလေးကို ကျနော်တို့က ရိုးရိုးလေး နာမည်ပေးခဲ့ကြပါတယ်”လို့ ဒီပွဲစီစဉ်သူက ပြောထားပါတယ်။

ဒီပွဲကိုတော့ လာမယ့် မေ ၁၃ ရက်မှာ စတင်အားပေးနိုင်မှာဖြစ်ပြီး လက်မှတ်တစောင်ကို မြန်မာကျပ်ငွေ ၄၀၀၀၀ သတ်မှတ်ထားကာ ကမ္ဘာ့နိုင်ငံတွေ အသီးသီးကလည်း သက်ဆိုင်ရာ ငွေကြေးတွေ ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်သက်လင်းဟာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန (MRTV) မှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အကြမ်းမဖက် အာဏာဖီဆန်ရေး  (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကာ လတ်တလောမှာတော့ တတ်ကျွမ်းတဲ့ ကဏ္ဍကနေ ဆက်လက်တော်လှန်ရင်း ပါဝင်နေခဲ့တာပါ။

လတ်တလောမှာတော့ ဒီပွဲလက်မှတ်စောင်ရေ ၂၀၀ ကျော် ရောင်းချထားခဲ့ရပြီးလို့ ဦးကျော်သက်လင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ဧပြီ ၂၆ ရက်မှာ ရေးသားထားခဲ့ပါတယ်။

“ဘယ်သူ မြင်နိုင်မလဲ၊ ဘယ်သူတွေ ကြည့်ကြမှာလဲ၊ ဝမ်းသာစရာသတင်းကောင်းက လက်မှတ်စောင်ရေ ၂၀၀ ကျော် ရောင်းရပါတယ်။ တကယ်တော့ ပြည်သူတွေ ပင်ပန်းနေတဲ့ကြားက ကျနော်တို့ကို လူ ၂၀၀ အားပေးတာကို ကျေနပ်ပီတိဖြစ်မိပါတယ်။ သတ်မှတ်ရက်မှာ စောင်ရေ ၅၀၀ လောက်တော့ ရောင်းရချင်ပါတယ်။ ဒီမှာပါတဲ့ ကလေးတွေကတော့ စောင်ရေ ၃၀၀၀ တဲ့။ ကျနော် အဲဒီလောက် မမျှော်လင့်ရဲပါ။”

သက်ဆိုင်ရာနိုင်ငံတွေ အသီးသီးက တော်လှန်ပြည်သူတွေအနေနဲ့  “String - ကြိုး”  ပွဲ လက်မှတ်တွေကို အားပေးလိုရင်တော့ သက်ဆိုင်ရာ Fundraisers တွေဆီကတဆင့် ဆက်သွယ်အားပေးနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013