DVB Logo
Home
မြန်မာသတင်း
ဆန်ရေ ပရောဂျက် ကန်ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်၊ ၁ ဒသမ ၃ သန်းထိရရှိရန် မျှော်မှန်းထား
DVB
·
September 1, 2022
ဆန်ရေ ပရောဂျက် ကန်ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်၊ ၁ ဒသမ ၃ သန်းထိရရှိရန် မျှော်မှန်းထား
Donate to DVB

နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား မဲလက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ စတင်ရောင်းချနေရာမှာ ၆ ရက်အတွင်းမှာပဲ လက်မှတ်စောင်ရေအားလုံး ရောင်းထွက်သွားခဲ့ကာ အမေရိကန်ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်ကိုတော့ ပန်ဆယ်လိုနဲ့အတူ တော်လှန်ရေးရန်ပုံငွေရှာဖွေရေးအဖွဲ့တွေက စီစဉ်ပြီး လက်မှတ်ရောင်းချရငွေ အားလုံးကို မတရားမှု တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့် ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“Day 6 မှာ First Target ဖြစ်တဲ့ လက်မှတ် 10,000 ပြည့်ပြည့်ဝဝ ရောင်းချနိုင်ခဲ့ပါပြီ။ ၆ရက်အတွင်း အမေရိကန်ဒေါ်လာ တစ်သန်း ရှာဖွေနိုင်ခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံသားတွေရဲ့ စုပေါင်းအင်အားနဲ့ ရက်တိုလေးအတွင်းမှာ ဒီလိုကြီးမားတဲ့ ပမာဏတစ်ခု ရှာဖွေနိုင်ခဲ့တာပါ။ လက်မှတ်ဝယ်ပြီးပါဝင်ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ၊ လက်မှတ်တွေကို အားတက်သရော ရောင်းချပေးတဲ့ CRPH OFP Fundraiser များ၊ စီမံသူများနဲ့ Individual Fundraiser များ၊ ဆန်ရေကော်မတီဝင်များ အားလုံးကို အထူးအထူး ကျေးဇူးတင်ရပါတယ်။ ကဲ… Let’s Move Forward နော် Second Target 1.3 Million ဆီ ဆက်ချီတက်ရအောင်။”

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန် ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း ကမ်ပိန်းတွေအမျိုးမျိုးလုပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုထိန်လင်းက “ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်မှာတော့ ပါဝင်ပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပိုစ့်ကဒ်လေး တွေ ပြုလုပ်ပြီး လက်မှတ်ရေးထိုးပေးမယ်လို့ ကြေညာထားပြီး ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား  မဲလက်မှတ်ကို  အောက်ပါ လင့်ခ်တွေမှာ သွားရောက်လေ့လာ ဝယ်ယူနိုင်ပါတယ်။

လက်မှတ်ဝယ်ယူရန် 👇

https://www.springsignature.net

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013