DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် CNDF တပ်ဖွဲ့ထံ ရောက်လာသူ ၂၀၀ ကျော်ကို စစ်သင်တန်းပေး
DVB
·
April 16, 2024
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် CNDF တပ်ဖွဲ့ထံ ရောက်လာသူ ၂၀၀ ကျော်ကို စစ်သင်တန်းပေး
1 / 7
Donate to DVB

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ နိုင်ငံသားတိုင်းမဖြစ်မနေ စစ်မှုထမ်းဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံ တပ်ဖွဲ့ဝင်အဖြစ် ရောက်ရှိလာသူ ၂၀၀ ကျော်ကို စစ်သင်တန်းပေးနေတယ်လို့ CNDF တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ဧပြီ ၁၅ ရက်နေ့အထိ ဆက်သွယ်​ရောက်ရှိလာသူ အယောက် ၂၀၀ ကျော်ကို အခြေခံ စစ်ပညာသင်တန်းတွေ ပို့ချပေးနေတာလို့ ဆိုပါတယ်။

CNDF တပ်ဖွဲ့မှာ ကလေး၊ ကဘော်ဒေသနဲ့ ဖလမ်းမြို့နယ်က အသက် ၁၈ နှစ်ကနေ ၃၀ အကြား လူငယ်တွေကို အဓိကလက်ခံပြီး သင်တန်းပေးနေတာလို့ CNDF စစ်ဘက်ရေးရာ ပြောရေးဆိုခွင့်ရှိသူ ကျုံးငိုင်းက ပြောပါတယ်။

“စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြီးကတည်းက အခုထိပေါ့ လက်ခံလာတာ ၂၀၀ ကျော်ရှိပြီ။ ကလေး၊ ကဘော်နဲ့ ဖလမ်းဘက်ကနေ စစ်မှုထမ်း မဲပေါက်လို့ သင်တန်းလာတက်တာမျိုးရှိတယ်။ ကျနော်တို့ဆီ ရောက်လာသူအားလုံးကိုတော့ သင်တန်းပေးပါတယ်ပေါ့နော်၊ သင့်တော်တဲ့ ဌာန တပ်ရင်းတွေကို ပို့ဆောင်ပြီး သင်တန်းတွေပေးပြီး တာဝန်တွေ ချထားပါတယ်။” 

နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားများ ကာကွယ်ရေးတပ် (CNO/CNDF) ဟာ ဖေဖော်ဝါရီ ၁၃ ရက်မှာ တပ်ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013