DVB Logo
Home
နိုင်ငံတကာ
ရောင်းအားကျသဖြင့် ကမ္ဘာတဝန်းရှိ Tesla ဝန်ထမ်း ၁၀ ရာခိုင်နှုန်းလျှော့ချ
DVB
·
April 16, 2024
ရောင်းအားကျသဖြင့် ကမ္ဘာတဝန်းရှိ Tesla ဝန်ထမ်း ၁၀ ရာခိုင်နှုန်းလျှော့ချ
Donate to DVB

ရောင်းအားကျပြီး၊ ဈေးနဲ့လိုက်ပြိုင်တဲ့ တရုတ် EV လျှပ်စစ်ကားတွေနဲ့ ရင်ဆိုင်နေရတဲ့  Tesla ကားကုမ္ပဏီဟာ ကမ္ဘာတဝန်းက ဝန်ထမ်းအင်အား ၁၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ရတယ်လို့ ရိုက်တာသတင်းဌာနကရရှိတဲ့ ရုံးတွင်းမှတ်တမ်းတွေက ဖော်ပြတယ်။

Tesla  စီအီးအို အီလွန်မက်စ်ကတော့ “ငါးနှစ်ပြည့်တိုင်း၊ တိုးတက်မှု နောက်တဆင့်အတွက် ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းတာ၊ ပြင်ဆင်တာ လုပ်ဖို့ လိုအပ်ပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးထားပါတယ်။

အကြီးတန်းခေါင်းဆောင် ၂ ဦး၊ ဘက်ထရီထုတ်လုပ်ရေး အကြီးအကဲ၊ ဒရူးဘက်ဂ်လီနို၊ ပြည်သူ့ရေးမူဝါဒ ဒုဥက္ကဋ္ဌ ရိုဟန်ပတေးတို့ဟာ ကုမ္ပဏီက ထွက်ခွာမှာ ဖြစ်ကြောင်း တရားဝင်ကြေညာပါတယ်။

အီလွန်မက်စ်ဟာ ၂၀၂၂ တုန်းကလည်း စီးပွားရေးနဲ့ပတ်သက်ပြီး “တော်တော်ဆိုးတဲ့ခံစားချက်” မျိုးရတယ်ဆိုပြီးတော့ အလုပ်သမား လျှော့ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၂၀၂၁ တုန်းက အလုပ်သား တစ်သိန်းလောက်ရှိရာကနေ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ၁၄၀,၀၀၀ အထိတိုးလာခဲ့ပါတယ်။

Source/Photo-Patrick Pleul/Pool via REUTERS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013