DVB Logo
Home
အားကစား
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ် ကြိုးပမ်း 
DVB
·
April 16, 2024
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ် ကြိုးပမ်း 
Donate to DVB

ဘိုင်ယန်မြူးနစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူဖို့ စတင်ကြိုးပမ်းနေပါတယ်။ 

လက်ရှိအသင်းနည်းပြ တူဟယ်က ရာသီကုန်ဆုံးချိန်မှာ အသင်းကနေ ထုတ်ပယ်သွားမှာဖြစ်လို့ နည်းပြသစ်တဦး ခန့်အပ်ဖို့ ရှာဖွေနေတာပါ။

လက်ရှိအချိန်မှာတော့ ပြင်သစ်နည်းပြ ဇီဒန်းကို ခေါ်ယူဖို့ စတင်ချဉ်းကပ်လာခဲ့တာ ဖြစ်တယ်လို့ ဂျာမန်သတင်းစာ Bild က ဖော်ပြပါတယ်။

နည်းပြဇီဒန်းကို ခေါ်ယူခန့်အပ်အပြီးမှာ အသင်းရဲ့ဂ န္ထဝင်ကစားသမားဟောင်း ဖရန့်ခ်ရစ်ဘာရီကို လက်ထောက်နည်းပြအဖြစ် တာဝန်ပေးမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နည်းပြဇီဒန်းဟာ အင်္ဂလိပ်ဘာသာစကားနဲ့ ဂျာမန်ဘာသာစကား မပြောတတ်တာကြောင့် အခက်အခဲရှိနိုင်တယ်လို့လည်း ခန့်မှန်းသုံးသပ်ကြပါတယ်။ 

ဇီဒန်းဟာ စပိန်ကလပ် မက်ဒရစ်ကို ဥရောပချန်ပီယံလိဂ် သုံးကြိမ်ဆက်တိုက် ရရှိအောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေပါတယ်။

Photo - REUTERS/Vincent West

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013